ကိုလံဘီယာ ငြိမ်းချမ်းရေး သောင်းချီဆန္ဒပြ

  • 9 ဧပြီ 2013
bogota
Image caption မိုင်းထိခဲ့တဲ့ စစ်ပြန်များက ဦးဆောင် ချီတက်

FARC လက်ဝဲ သူပုန် တွေနဲ့ ကိုလံဘီယာ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထောက်ခံ တဲ့ အနေနဲ့ သောင်းနဲ့ချီတဲ့ ကိုလံဘီယာ နိုင်ငံသား တွေ ချီတက် ဆန္ဒပြ ခဲ့ကြပါတယ်။

သမ္မတ ဟွမ် မင်ညူရယ် ဆန်းတော့စ်ကလဲ ကိုလံဘီယာ ပြည်သူတွေ ဒီအခွင့်အရေးကို အရယူပြီး အနှစ် ၅ဝ ပြည်တွင်းစစ် အဆုံးသတ်ရေး အတွက် တိုင်းပြည် ရာဇဝင်ကို ပြင်ကြဖို့ တောင်းဆို ခဲ့ပါတယ်။

ဘိုဂိုးတား မြို့တော်က ဆန္ဒပြပွဲကြီးဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အကြီးကျယ်ဆုံး ဆန္ဒပြပွဲကြီး တပွဲဖြစ်ပြီး တီရှပ် အင်္ကျီဖြူတွေ ဝတ်ထားတဲ့ လူအုပ်ကြီးက အလံဖြူ တွေ ကိုင်ဆောင် ချီတက် ခဲ့ကြပါတယ်။

ကျူးဘားမှာ လုပ်နေတဲ့ တွေ့ဆုံ ဆွေးနွေးရေးကို သမ္မတဟောင်း Alvaro Uribe နဲ့ မြေရှင်ကြီးများက ကန့်ကွက် နေကြပြီး FARC သူပုန်တွေက လက်နက်ကိုင် အုံကြွမှု ကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ဝေဖန်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ