တရုတ် ကြက်ငှက်တုပ်ကွေး မြန်မာနဲ့ အိမ်နီးချင်းတွေကို ကူးမှာ စိုးရိမ်ရ

  • 12 ဧပြီ 2013
Image caption ခိုတကောင်မှာ H7N9 ပိုးတွေ့လို့ ရှန်ဟိုင်းစျေးက တိရစ္တာန်တွေကို အကုန်သုတ်သင်ပစ်နေ

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ တုန်းက ကြက်ငှက် တုပ်ကွေး ရောဂါပိုးသစ် တမျိုးကြောင့် နောက်ထပ် လူတယောက် သေဆုံးသွားတာကြောင့် H7N9 ရောဂါပိုးကြောင့် အသက်ဆုံးရသူ ၁ဝ ယောက် ရှိသွားပါပြီ။

ဒီရောဂါပိုးက နယ်စပ်တလျှောက်က မွေးမြူရေး လုပ်ငန်းတွေဆီ ပြန့်နှံ့ သွားနိုင်တယ်လို့ ကုလသမဂ္ဂ အဖွဲ့တခုက စိုးရိမ်နေပါတယ်။

ဆင်ဟွာ သတင်းအရ အခုနောက်ဆုံး သေဆုံးသွားတဲ့ သူဟာ စီးပွားရေး အချက်အချာ ကျတဲ့ ရှန်ဟိုင်း မြို့က ဖြစ်ပြီး အဲဒီမှာဘဲ ရောဂါ လက္ခဏာ အခြေအနေ ပြသမှု ၃ဂခု တွေ့ရတယ်လို့ ဆိုပါတယ်။

ခုထိတော့ ဒီကြက်ငှက် တုပ်ကွေး ဖြစ်မှု အားလုံးကို တရုတ်နိုင်ငံ အရှေ့ပိုင်းမှာဘဲ တွေ့ရသေးတာ ဖြစ်ပါတယ်။

တရုတ်က တဆင့် မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီ ကူးစက်သွားမှာကို စိုးရိမ်တယ်လို့ ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာ နဲ့ စိုက်ပျိုးရေး အဖွဲ့က အရာရှိတယောက်က ဘန်ကောက်မြို့မှာ ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ