မြောက်ကိုရီးယားကို ဖျောင်းဖျဖို့ တရုတ် အကူအညီ ကယ်ရီ တောင်း

  • 13 ဧပြီ 2013
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် တပ်ဆင်မယ့် ရည်ရွယ်ချက်တွေကို တားမြစ် ဖျောင်းဖျ ရအောင် မြောက်ကိုရီးယားရဲ့ မဟာမိတ် တရုတ်ကို အကူအညီတောင်းဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက ပြင်ဆင်နေပါတယ်။

ဒီနေ့ စနေနေ့မှာ ဘေဂျင်းကို ရောက်ရှိတော့မယ့် မစ္စတာ ကယ်ရီ က မနေ့က တောင်ကိုရီးယားမှာ ပြောကြားရာမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ် ရပ်တန့်သွားအောင် ထိရောက်တဲ့ မူဝါဒတွေကို ချမှတ် လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား ဟာ နျူကလီးယား အင်အားကြီး နိုင်ငံ ဖြစ်သွားမှာကို လက်မခံနိုင်ပါဘူး ၊ လူအများ ကျယ်ကျယ်ပြန့်ပြန့် ယူဆနေကြတဲ့ ဒုံးကျည် ပစ်လွှတ်မယ့် ကိစ္စကလည်း အန္တရာယ် အတိ ဒုက္ခရောက်စေလိမ့်မယ်လို့ သူက ပြောပါတယ်။

ရုရှားကလည်း ဒီကိစ္စမှာ စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပြီး ကိုရီးယား ကျွန်းဆွယ်အတွင်းမှာ တင်းမာမှု တိုးလာစေမယ့် အခြေအနေ မှန်သမျှကို မြောက်ကိုရီးယား အနေနဲ့ ရှောင်ရှားဖို့ အပြင်းအထန် တိုက်တွန်းနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ