မစ္စစ် သက်ချာနဲ့ ပတ်သက်လို့ လန်ဒန်မှာ ဆန္ဒပြကြ

  • 13 ဧပြီ 2013
thatcher
Image caption မစ္စစ်သက်ချာ ပုံစံအရုပ်ကြီး နားမှာ ဆန္ဒပြနေကြသူများ

ပြီးခဲ့တဲ့ တနင်္လာနေ့က ကွယ်လွန်သွား ခဲ့တဲ့ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ အစိုးရ ခေတ်က လုပ်ကိုင် ခဲ့တဲ့အပေါ် မကျေနပ် ကြသူ တွေက လန်ဒန် မြို့လည်က ထရာဖော်လဂါ ရင်ပြင်မှာ ဆန္ဒပြ ခဲ့ကြပါတယ်။

အဲဒီ လူတွေက ဝန်ကြီးချုပ်ဟောင်းရဲ့ ပုံစံ အရုပ်ကြီး အနားမှာ သီချင်းဆို ကခုန် ခဲ့ကြပါတယ်။

အဲဒီ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တွေအကြား အသေးစား ရင်ဆိုင်မှု တွေလည်း ဖြစ်ခဲ့ပြီး လူ ၅ ဦး အဖမ်းခံခဲ့ရပေမယ့် ဒီဆန္ဒပြမှု တခုလုံး အနေနဲ့ ခြုံကြည့်ရင်တော့ အေးအေးချမ်းချမ်း ရှိခဲ့ပါတယ်။

အခု ဆန္ဒပြခဲ့ကြတဲ့ ထရာဖော်လဂါ ရင်ပြင်မှာ အရင် မစ္စစ် သက်ချာ အစိုးရလက်ထက် ၁၉၉၀ ခုနှစ်မှာ ပြဌာန်း ခဲ့တဲ့ အငြင်းပွားဖွယ်ရာ အခွန် ကောက်ခံမယ့် အစီအစဉ် နဲ့ ပတ်သက်လို့ အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါသေးတယ်။

မစ္စစ် သက်ချာ ရဲ့ ဈာပန အခမ်းအနားကိုတော့ လာမယ့် ဗုဒ္ဓဟူး နေ့မှာ စစ်အခမ်းအနားနဲ့ ကျင်းပသွား ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ