မစ္စတာ မူဘာရက်ကို ပြန်လွှတ်ဖို့ အမိန့်ထုတ်

  • 15 ဧပြီ 2013
Image caption တခြား စွဲချက်တွေနဲ့ စစ်ဆေး မှုတွေ လုပ်ဖို့ ရှိရာ၊ သူ့ကို ဆက်ပြီး ထိန်းသိမ်း ထားဦးမှာ ဖြစ်ပါတယ်

အီဂျစ် သမ္မတ ဟောင်း ဟော့စနီ မူဘာရက်ကို လွန်ခဲ့တဲ့ ၂ နှစ်က ဆန္ဒပြသူ တွေကို သတ်ဖြတ် ခဲ့တဲ့ စွပ်စွဲချက် တွေနဲ့ ပတ်သက်ပြီး ထိန်းသိမ်း ထား တာမျိုး မလုပ်သင့် တော့ကြောင်း ကိုင်ရို မြို့ အယူခံ တရားရုံး ကနေ အမိန့် ထုတ်ပြန်လိုက် ပါတယ်။

မစ္စတာ မူဘာရက်ကို စီရင်ချက် မချခင် ထိန်းသိမ်းထားဖို့ အီဂျစ် ဥပဒေ အရ သတ်မှတ်ချိန် ၂ နှစ် ပြည့်သွားပြီ ဆိုတာကို အယူခံ တရားရုံးက လက်ခံခဲ့ ပါတယ်။

ဒါပေမယ့်လည်း တခြားသော စွဲချက် တွေနဲ့ ဆက်စပ်ပြီး စုံစမ်း စစ်ဆေး မှုတွေ ပြုလုပ် ဖို့ရှိရာ၊ သူ့ကို ဆက်ပြီးတော့ ထိန်းသိမ်း ထားဦးမှာ ဖြစ်ပါ တယ်။

အာရပ် နွေဦး တော်လှန်ရေး ကာလ အတွင်း ကိုင်ရိုမြို့ လမ်းမတွေ ပေါ်မှာ ဆန္ဒပြသူတွေ သတ်ဖြတ် ခံခဲ့ ရတဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး မစ္စတာ မူဘာရက် ဟာ တရား လည်း ရင်ဆိုင်ရ၊ အပြစ် ရှိကြောင်းလည်း စီရင်ချက် ချမှတ် ခံခဲ့ရပြီး ဖြစ်ပါတယ်။

အဲဒီနောက် သူ့ရဲ့ အယူခံ အောင်သွားတဲ့ အတွက် စီရင်ချက်ကို ရုပ်လိုက်ပြီး ထပ်မံ ကြားနား စစ်ဆေးဖို့ တရားရုံးက အမိန့် ထုတ်ပြန် ထားတာ ဖြစ်ပါတယ်။