ထိုင်း ကမ္ဘောဒီးယား နယ်ခြားကိစ္စ ကုလမှာ ကြားနာ

  • 15 ဧပြီ 2013
Image caption ဘုရားကျောင်းဘေးက နယ်မြေကို သူပိုင် ငါပိုင် အငြင်းပွား နေကြတာ ဖြစ်ပါတယ်

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်စပ်က နှစ်ပေါင်း ၁၀၀၀ ကျော် ကြာမြင့်ပြီ ဖြစ်တဲ့ ရှေးဟောင်း ဘုရားကျောင်း ဘေးက နယ်မြေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အာဏာ အမြင့်ဆုံး တရားရုံး မှာ စတင် ကြားနာ နေပြီ ဖြစ်ပါ တယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ တုန်းက နိုင်ငံ တကာ ရာဇဝတ်မှု ခုံရုံး ကနေ ဒီရှေးဟောင်း ပရဝိဟာ ဘုရားကျောင်းကို ကမ္ဘောဒီးယား ပိုင်တယ်လို့ အမိန့် ချမှတ် လိုက်တဲ့ အပေါ် ထိုင်းနိုင်ငံကလည်း လက်ခံ ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ကမ္ဘာ့ ယဉ်ကျေးမှု အမွေ အနှစ် အဖြစ် အသိအမှတ် ပြုထားတဲ့ ဒီ ဘုရားကျောင်းနဲ့ ကပ်ရပ် ၅ စတုရန်း ကီလို မီတာလောက် နယ်မြေ ကို တော့ နှစ်နိုင်ငံ စလုံးက သူပိုင် ငါပိုင် အငြင်းပွား နေကြတာ ဖြစ်ပါတယ်။

အဲဒီ အတွက် ပြီးခဲ့တဲ့ ၂ နှစ်က နှစ်ဘက် ပစ်ခတ်မှုတွေ ဖြစ်ပွား ခဲ့တာကြောင့် လူပေါင်း ၁၈ ဦး သေဆုံး သွားခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ