ဗင်နီဇွဲလား ရွေးကောက်ပွဲ မဒူးရို အနိုင်ရ

  • 15 ဧပြီ 2013
Image caption မဲရလဒ်ကို လေးစား ကြဖို့ မစ္စတာ မဒူးရို ပြောကြား

ဗင်နီဇွဲလား နိုင်ငံ သမ္မတ ရွေးကောက် ပွဲမှာ လက်ရှိ သမ္မတ တာဝန် ယူထားတဲ့ နီကိုလပ်စ် မဒူးရို က အနိုင် ရရှိသွား ပါတယ်။

မစ္စတာ မဒူးရို ဟာ ပြိုင်ဘက် ဖြစ်တဲ့ အတိုက် အခံ ခေါင်းဆောင် အန်ရစ်ကေး ကပ်ပရီးလက်စ် ကို ပွတ်ကာ သီကာ နဲ့ပဲ နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူက မဲ စုစုပေါင်းရဲ့ ၅၀.၇ ရာခိုင်နှုန်းနဲ့ မစ္စတာ ကပ်ပရီးလပ်စ်က ၄၉. ၁ ရာခိုင်နှုန်း ရရှိ ခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။

မစ္စတာ မဒူးရို က ကွယ်လွန် သွားပြီး ဖြစ်တဲ့ သူ့ရဲ့ ဆရာ ဖြစ်သူ ဟူဂို ချားဗက်ဇ်ရဲ့ ဆိုရှယ်လစ် တော်လှန်းရေး လမ်းကြောင်း အတိုင်း ဆက်သွား မယ်လို့ လူထုကို ကတိပြု ပြောကြား လိုက် ပါတယ်။

ဗင်နီဇွဲလား အလံ အရောင် ဝတ်ဆင် ထားတဲ့ မစ္စတာ မဒူးရိုက လူထုကို တည်တည် ငြိမ်ငြိမ် ရှိကြ ဖို့နဲ့ မဲရလဒ်ကို လေးစား ကြဖို့ ပြောကြား သွားပါတယ်။

ဒါပေမယ့်လည်း အတိုက် အခံ ခေါင်းဆောင် အန်ရစ်ကေး ကပ်ပရီးလက်စ်က မဲရလဒ်နဲ့ ပတ်သက်လို့ စောဒကတက် လိုက်ပြီး မစ္စတာ မဒူးရိုဟာ ရှုံးနိမ့် သွားတဲ့ ကိုယ်စားလှယ် လောင်းသာ ဖြစ်တယ်လို့ သူက ပြောကြား ပါတယ်။

မစ္စတာ မဒူးရိုဟာ အရင်ကထက် ပိုပြီး ညစ်ပတ် ခဲ့တယ် ဆိုပြီး မဲပြန်ရေဖို့ကို တောင်းဆို လိုက်ပါတယ်။ တနင်္ဂနွေ နေ့ကဆိုရင် ဒီလို မဲနဲ့ ပတ်သက်လို့ မသင်္ကာစရာ ဖြစ်ရပ်ပေါင်း ၃ သိန်းလောက် ဖြစ်ခဲ့တယ်လို့ တောင် သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ