တနေ့ တဒေါ်လာ ၂၅ဆင့် ရတဲ့ ဆင်းရဲနွမ်းပါးသူ လျော့ကျ

  • 18 ဧပြီ 2013
Image caption ဆင်းရဲနွမ်းပါးသူ အရေအတွက် လျော့လာတယ်လို့ ဆိုတဲ့ ကမ္ဘာဘဏ် ဥက္ကဌ ဂျင်ယုံကင်း

ကမ္ဘာပေါ်မှာ ဆင်းရဲနွမ်းပါးသူ အရေအတွက် သိသိသာသာ လျော့ကျသွားတယ်လို့ ကမ္ဘာဘဏ်က ပြောပါတယ်။

ကမ္ဘာဘဏ်ရဲ့ စံနှုန်းတခု ဖြစ်တဲ့ တနေ့ကို တဒေါ်လာနဲ့ ၂၅ဆင့် တောင် ဝင်ငွေ မရှိတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ နေထိုင်သူ အရေအတွက်ဟာ ၁၉ဂ၁ ခုနှစ်ကထက် တဝက်လောက် လျော့သွားပြီး အခု ဆယ်စုနှစ်လယ် အစောပိုင်းတုန်းက ၂၁ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ ကမ္ဘာဘဏ် ဥက္ကဌ Jim Yong Kim က ဆိုပါတယ်။

ဒါပေမယ့် ကမ္ဘာပေါ်မှာ အလွန်အမင်း နွမ်းပါးသူ သန်း တထောင့် နှစ်ရာလောက် ရှိသေးတယ် ၊ ဆင်းရဲသူ ပပျောက်သွားအောင် ၂ဝ၃ဝ ခုနှစ်မှာ အပြီးတိုင် ပစ်မှတ်ထား ဆောင်ရွက်မယ့် အစီအစဉ် တွေကို ချမှတ် လုပ်ဆောင်ဖို့ ကမ္ဘာဘဏ်ကို အဆိုပြုခဲ့တယ်လို့ သူက ပြောပါတယ်။

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစီအစဉ်တွေဟာ အောင်မြင်နိုင်တယ် ဆိုတာ အခု တိုးတက်မှုက သာဓက ပြနေတယ်လို့ လူမှုကယ်ဆယ်ရေး အေဂျင်စီ ဖြစ်တဲ့ Oxfam က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။