မာဂရက် သက်ချာ အသုဘ အခမ်းအနား စတင်

  • 17 ဧပြီ 2013
Thatcher Funeral
Image caption မာဂရက် သက်ချာရဲ့ ခေါင်းတလားကို စိန်ပေါဘုရားကျောင်းဆီ သယ်ဆောင်လာတာ ဖြစ်ပါတယ်။

ဗြိတိသျှဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာရဲ့ အသုဘအခမ်းအနားကို ဒီကနေ့ လန်ဒန်မြို့မှာ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။

လန်ဒန်မြို့ စိန်ပေါဘုရားကျောင်းမှာ ကျင်းမယ့် အခမ်းအနားကို ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်နဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီးတို့လည်း တက်ရောက်ကြပါတယ်။

ကမ္ဘာတ၀န်းက လက်ရှိ နိုင်ငံ့အကြီးအကဲ နှစ်ဦးနဲ့ ဝန်ကြီးချုပ် ၁၁ ဦးတို့လည်း အခမ်းအနားကို တက်ရောက်ပါတယ်။

သံမဏိအမျိုးသမီးလို့ နာမည်ကျော်ခဲ့တဲ့ မာဂရက်သက်ချာဟာ လေဖြတ်ဝေဒနာကို ခံစားခဲ့ရပြီးနောက် အသက် ၈၇ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ အခမ်းအနား ကျင်းပမယ့် စိန်ပေါဘုရားရှိခိုးကျောင်းကို မာဂရက် သက်ချာရဲ့ ခေါင်းတလား ရောက်လို့ လာပြီ ဖြစ်ပါတယ်။

ဗြိတိသျှယူနီယံဂျက် အလံ အုပ်လွှမ်းထားတဲ့ အခေါင်းကို မြင်းလေးကောင်ဆွဲတဲ့ ရထားတဲ့ လက်နက်ကိုင် တပ်သားတွေရဲ့ အစောင့်အကြပ်နဲ့ သယ်ဆောင် လာခဲ့တာ ဖြစ်ပါတယ်။