ကမ္ဘာနဲ့ ဆင်တဲ့ ဂြိုလ်နှစ်လုံး အာကာသ ပညာရှင်တွေ တွေ့ရှိ

  • 19 ဧပြီ 2013
Image caption အဝေးကြည့် မှန်ပြောင်းတွေနဲ့ အာကာသကို လေ့လာ

အမေရိကန် အာကာသ အေဂျင်စီ နာဆာက အစွမ်းထက်တဲ့ အဝေးကြည့်မှန်ပြောင်း ကတ်ပလာကို ကိုသုံးပြီး လူတွေ အသက်ရှင် ရပ်တည် နေထိုင် နိုင်တဲ့ ဂြိုလ်နှစ်ခုကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ အာကာသ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။

နေကနေ အလင်းနှစ် ၁၂ဝဝ လောက် ကွာဝေးပြီး ကတ်ပလာ ၆၂ လို့ခေါ်တဲ့ နေနဲ့ အလားသဏ္ဍန် တူနဲ့ ကြယ်ကို အဲဒီဂြိုလ်တွေက လှည့်ပတ်နေတယ်လို့ ဆိုပါတယ်။

သူတို့ တွေ့ဖူးသမျှ ထဲမှာ ဒီဂြိုလ်တွေဟာ ကမ္ဘာနဲ့ အတူဆုံး ဖြစ်ပြီး သင့်တင့်တဲ့ အရွယ်အစား ရှိသလို အပူချိန်ကလည်း သိတ်မပူ သိတ်မအေးတဲ့ အနေအထားမှာ ရှိတယ်လို့ သုတေသီတွေက ပြောပါတယ်။

ဂြိုလ်တွေရဲ့ မျက်နှာပြင်မှာ ကျောက်တုံးတွေ များလား ၊ ရေတွေလွှမ်းနေသလား ဆိုတာ အပြင် သက်ရှိတွေ အသက်ရှင် ရပ်တည်နိုင်တဲ့ လေထု ရှိသလား ဆိုတာတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီဂြိုလ်တွေ ရှာဖွေ တွေ့ရှိတဲ့ အကြောင်းကို သိပ္ပံဂျာနယ်မှာ ကြေညာထားတာ ဖြစ်ပါတယ်။