ဘော်စတွန် ကြားဖြတ် အထူးသတင်း

  • 19 ဧပြီ 2013
boston suspects
Image caption ဘော်စတွန် မာရသွန် ဗုံးခွဲသူတွေ လို့ မင်္သကာ ဘွယ် လူ ၂ ဦး

ဘော်စတွန် မာရသွန်ပြေးပွဲ ဗုံးခွဲ တိုက်ခိုက်ခဲ့သူတွေ လို့ မသင်္ကာ စရာ လူ ၂ ဦး ကို အမေရိကန် ရဲ တွေ လိုက်ဖမ်း နေပြီး ၁ ဦး ကတော့ ပစ်ခတ်ဖမ်းဆီး စဉ် သေဆုံးသွားပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ ဒုတိယ လူ မှာ လက်နက် တွေ ပါပြီး အန္တရာယ်များကြောင်း ရဲတွေ က ကြေညာထားပါတယ်။

ပထမလူ ကို Watertown ဆိုတဲ့ ဒေသဘက်မှာ ဖမ်းဆီးနိုင်တာ ဖြစ်ပြီး အဲဒီ ဒေသ အတွင်း က လူတွေ ကို ကိုယ့်အိမ်တွင်းမှာ ပဲ နေဖို့ ရဲ တွေ က ညွှန်ကြားထား ပါတယ်။

ဗုံးခွဲတိုက်ခိုက်သူ တွေ လို့ မသင်္ကာသူ ၂ ဦး ရဲ့ ဓာတ်ပုံတွေ ကို ရဲတွေ က ထုတ်ပြန် ထားပါတယ်။

ကင်းဘရစ်ချ ဘက် က ဂုဏ်ထူးဆောင် တက္ကသိုလ် ကြီးတခု ဖြစ်တဲ့ Massachusetts Institute of Technology (MIT) တက္ကသိုလ် ဝင်း အတွင်းမှာ ရဲအရာရှိ တဦး ပစ်ခတ် သတ်ဖြတ် ခံရပြီးတဲ့ နောက် အခုလို မသင်္ကာသူ ၂ ဦး ကို ရဲ တွေ အများအပြား လိုက်ဖမ်းတဲ့ အဖြစ် ဖြစ်လာတာပါ။

သူတို့ ကားနဲ့ ထွက်ပြေးတဲ့ အတွက် နောက်က ကားတွေ နဲ့ လိုက်ကာ ဖမ်းဆီးရပြီး အပြန်အလှန် ပစ်ခတ် တာတွေ ဖြစ်ခဲ့ပါတယ်။