မသင်္ကာဖွယ် လူကို ဘော်စတွန်ရဲက မိပြီ

  • 20 ဧပြီ 2013
Image caption မသင်္ကာဖွယ်လို့ ယူဆရတဲ့ Dzhokhar Tsarnaev

အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့ ဝါးတားတောင်း တဝိုက်မှာ လွန်ခဲ့တဲ့ နာရီပိုင်းတွင်း သေနတ် ပစ်ခတ်သံတွေ ကြားခဲ့ရပြီး ရဲက သူတို့ ရှာဖွေနေတဲ့ သံသယ ရှိသူကို အသက်မသေပဲ ဖမ်းမိနိုင်တယ်လို့ ဘော်စတွန်ရဲအဖွဲ့ကပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ဘော်စတွန် မာရသွန် ဗုံးခွဲမှုနဲ့ ပတ်သက်လို့ မသင်္ကာဖွယ်လူဟာ ချက်ချင်ညာ လူမျိုး အသက် ၁၉ နှစ်အရွယ် Dzhokhar Tsarnaev ဖြစ်ပါတယ်။

မြို့ရဲ့ နေရာ တော်တော်များမှာ ထောင်နဲ့ချီတဲ့ လက်နက်ကိုင် ရဲအများအပြားက အိမ်တွေမှာ ဝင်ရောက် ရှာဖွေ နေတဲ့ အတွက် လူတွေကို အဆောက်အဦထဲမှာဘဲ နေကြဖို့ စောစောပိုင်းက အမိန့်ထုတ် ထားပါတယ်။

အခုဖမ်းမိသူဟာ ကြာသပတေးနေ့က ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်လို့ အကို ဖြစ်သူ သေဆုံး သွားခဲ့ ပြီးတဲ့နောက် ခြေကျင် ထွက်ပြေး လွတ်မြောက် သွားတာ ဖြစ်တယ်လို့ ရဲက အတည်ပြု ပြောပါတယ်။

ဖမ်းမိတဲ့နေရာမှာ လူတွေဝမ်းသာစွာအော်ဟစ်နေကြပြီး ညဦးပိုင်းကတော့ ပစ်ခတ်သံတွေကြောင့် လူတွေလုံခြုံစိတ်ချရတဲ့နေရာမှာ ပုန်းအောင်းနေရပါတယ်။

အခုပစ်ခတ်မှုအတွက် ဝမ်းနည်းကြောင်း ရုရှားသမ္မတပူတင်က အမေရိကန်သမ္မတ အိုဘားမားကို ဖုန်းနဲ့ပြောခဲ့ပါတယ်။ ချက်ချင်ညာလူမျိုးနှစ်ယောက်နဲ့ပတ်သက်လို့ ရုရှားထောက်လှမ်းရေးက ကူညီတဲ့အပေါ်သမ္မတအိုဘားမားက က ကျေးဇူးတင်ကြောင်းပြန်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ဘော်စတွန် မာရသွန်မှာ ဗုံးနှစ်လုံးပေါက်ကွဲပြီး လူသုံးယောက်သေဆုံးကာ ၁၇၀ကျော်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ