ဘော်စတွန်မြို့ အခြေအနေ ပုံမှန် ပြန်ရောက်

  • 20 ဧပြီ 2013
Image caption ဒီလူငယ်ဟာ ကျည်ဆံ ဒဏ်ရာ ကြောင့် အခြေ အနေ ဆိုးဝါး ပေမယ့် အသက် အန္တရာယ် တော့ မရှိပါ

အမေရိကန် ရဲတပ်ဖွဲ့ သမိုင်းမှာ အကြီးကျယ် ဆုံးသော လူ လိုက်လံ ဖမ်းဆီးတဲ့ ဖြစ်ရပ် တခု အပြီး၊ ဘော်စတွန်မြို့ဟာ ပုံမှန် အတိုင်း ပြန်ဖြစ် လာပြီ ဖြစ်ပါတယ်။

တနင်္လာနေ့ ဘော်စတွန် မာရသွန်ပွဲမှာ ဗုံးဖေါက်ခွဲ သူလို့ သံသယ ရှိသူ တဦးဖြစ် တဲ့ အသက် ၁၉ နှစ်အရွယ် ဂျို့ဟာ့ ဆာနိုင်ရက်ဖ် ကို သောကြာနေ့ ညက ရဲတပ်ဖွဲ့က ဖမ်းဆီးမိ လိုက်ပါတယ်။

ချက်ချင်ညာ လူမျိုး ဖြစ်တဲ့ ဒီ ဆယ်ကျော်သက် အရွယ် လူငယ်ဟာ အိမ်ခြံ တခုရဲ့ အနောက်က လှေထဲမှာ ဝင်ပုန်း နေတာ ဖြစ်ပြီး၊ ရဲနဲ့ အပြန် အလှန် ပစ်ခတ် မှုတွေ ဖြစ်ခဲ့ ပြီးတဲ့ နောက်မှာ သူ့ကို ဖမ်ဆီး မိလိုက်တာပါ။

လည်ပင်းနဲ့ ခြေထောက်မှာ သေနတ် ဒဏ်ရာ ကြီးကြီး ရထားတဲ့ ဂျို့ဟာ့ ဆာနိုင်ရက်ဖ် ကို မက်ဆာချူးဆက် ဆေးရုံ တရုံကို ခေါ်သွားပြီး ကုသ ပေးနေ ပါတယ်။ ကျည်ဆံ ဒဏ်ရာ အခြေ အနေ ဆိုးဝါး နေပေမယ့် အသက် အန္တရာယ် တော့ မရှိဘူးလို့ ဆိုပါတယ်။

ဂျို့ဟာ့ ဆာနိုင်ရက်ဖ် ဟာ ဒဏ်ရာတွေ ကနေ ပြန် သက်သာ လာမှာ ဖြစ်တဲ့ အတွက် သူ့ကို စစ်ဆေး မေးမြန်း နိုင်မှာ ဖြစ်တယ်လို့ အရာရှိ တွေက မျှော်လင့် နေကြ ပါတယ်။

ဗုံးခွဲမှုမှာ နောက်ထပ် သံသယရှိသူ တဦး ကတော့ ဂျိုဟာ့ ဆာနိုင်ရက်ဖ်ရဲ့ အကို ဖြစ်သူ တမာလန်း ဆာနိုင်ရက်ဖ် ဖြစ်ပြီး သူကတော့ သောကြာနေ့ အစော ပိုင်းက ရဲနဲ့ အပြန် အလှန် ပစ်ခတ်မှု အတွင်း သေဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြား တိုင်းပြည် တပြည်က အကူအညီ တောင်းလို့ တမာလန်းကို FBI က ၂ဝ၁၁ လောက်က ဆက်သွယ် မေးမြန်း ခဲ့ဖူး တယ်လို့ အမေရိကန် ဥပဒေ အရာရှိ တွေက ဆိုပါတယ်။

ဗုံးဖေါက်ခွဲ ခဲ့တဲ့ ဒီ ချက်ချင်ညာ ညီအကို နှစ်ဦးဟာ တခြား အကူ အညီတွေ ယူခဲ့တာ ရှိမရှိ ဆိုတာကို စုံစမ်း စစ်ဆေး သူတွေက ကြိုးစား ဖေါ်ထုတ် နေကြ ပါတယ်။

ဒီတိုက်ခိုက်မှု အပြီး ရုရှား အမေရိကန် ပူးတွဲ ဆောင်ရွက်ဖို့ သမ္မတ ပူတင်က အိုဘားမားနဲ့ စကား ပြောခဲ့တယ် လို့လည်း ရုရှား ဘက်က ထုတ်ပြန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ