တရုတ် မြေငလျင် လူ ၁၅၀ ကျော် သေဆုံး

  • 20 ဧပြီ 2013
Image caption အဆောက် အဦးတွေလည်း ပြိုကျ၊ လမ်းတွေ ပျက်စီးပြီး၊ တယ်လီဖုန်း လိုင်းတွေလည်း ပြတ်တောက်ကုန်

တရုတ် နိုင်ငံ ချိန်တူးမြို့ အနောက်ဘက် တောင်ပေါ် ဒေသမှာ အင်အားပြင်း မြေငလျင် လှုပ်ခါ သွားပြီး နောက်ပိုင်း၊ ထိခိုက် ပျက်ဆီး မှုတွေ ဖြစ် ခဲ့တဲ့ ရွာတွေက အပျက် အဆီးတွေ အောက် ကနေ အလောင်း တွေနဲ့ အသက်ရှင် ကျန်ရစ် သူတွေကို ကယ်ဆယ်ရေး တွေက ဆွဲထုတ်နေ ကြပါတယ်။

မြေငလျင် ကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံး သွားပြီး၊ ထောင်နဲ့ချီ ထိခိုက် ဒဏ်ရာ ရရှိ သွားကြတယ် ဆိုတာကို တရုတ် နိုင်ငံပိုင် မီဒီယာ ကနေ အတည်ပြု ပြောကြားပါတယ်။

နိုင်ငံ အနောက် တောင်ဘက် ဆီချွမ်း ပြည်နယ် ဘက်မှာ ဖြစ်ပွား ခဲ့တဲ့ ဒီဖြစ်ရပ် အတွက် ကယ်ဆယ်ရေး ဆောင်ရွက်ဖို့ ရဲနဲ့ ကယ်ဆယ်ရေး လုပ်သား ၆၀ဝ၀ ကို စေလွှတ် လိုက်ပြီ ဖြစ်ပါတယ်။

မြေငလျင်ကြောင့် အဆောက် အဦးတွေလည်း ပြိုကျ၊ လမ်းတွေလည်း ပျက်စီးပြီး တယ်လီဖုန်း လိုင်းတွေလည်း ပြတ်တောက်ကုန် ပါတယ်။

တရုတ် ဝန်ကြီးချုပ်သစ် လီကွတ်ချန် ဟာလည်း အဲဒီ ဒေသကို ချက်ခြင်း ဆိုသလို ရောက်ရှိ သွားပြီး၊ ကယ်ဆယ်ရေး ဆောင်ရွက် မှုတွေကို ညွှန်ကြားမှာ ဖြစ်တယ် လို့ နိုင်ငံပိုင် သတင်း မီဒီယာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ