အဖမ်းမခံရခင် လှေထဲမှာ ပုန်းနေခဲ့တာဖြစ်

Image caption ရာဇဝတ်သားကို မိပြီ

အမေရိကန် ပြည်ထောင်စုမှာ အသက်မသေဘဲ ကျန်ရစ်တဲ့ ဘော်စတွန် မာရသွန် ဗုံးခွဲသူလို့ သင်္ကာမကင်း ဖြစ်ခံရသူကို မေးမြန်းဖို့ အထူး စစ်ဆေးရေး အဖွဲ့က စောင့်နေတယ်လို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

ချက်ချညှာ မှာ မွေးပြီး အမေရိကန် နိုင်ငံသား ခံယူထားတဲ့ အသက် ၁၉ နှစ်အရွယ် ဂျော်ခါ ဆာနာရက်ဖ် ကို ပြီးခဲ့တဲ့ သောကြာနေ့ ညက ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရာမှာ ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ဒါဟာ အမေရိကန် သမိုင်းမှာ အကြီးမားဆုံးစနစ်တကျ လိုက်လံ ရှာဖွေ ဖမ်းဆီးမှု ဖြစ်ခဲ့တာပါ။

သူ့ဒဏ်ရာက ပြင်းထန်ပေမယ့် စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိပါဘူး ၊ စကားတော့ မပြောနိုင်သေးဘူးလို့ သိရပါတယ်။

သူ့အကို တာမာလန် တာနာရပ်ဖ် ကတော့ ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပြီး တမြန်နေ့က သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အစွန်းရောက် ဝါဒ ချမှတ်မှုတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ နှစ်နှစ်လောက်တုန်းက တာမာလန် ကို ခေါ်ယူမေးမြန်းခဲ့ဖူး ပေမယ့် သံသယ ဖြစ်ဖွယ် မတွေ့တာကြောင့် ဒီကိစ္စကို ရပ်ထားလိုက်တာ ဖြစ်တယ်လို့ အမေရိကန် ဗဟို ထောက်လှမ်းရေးက အတည်ပြုပြောကြားခဲ့ပါတယ်။

ဒီနေ့ လန်ဒန်မှာ ကျင်းပမယ့် မာရသွန်ပွဲ မတိုင်ခင် ဘော်စတွန် မာရသွန် ဗုံးကွဲမှုမှာ သေဆုံး ဒဏ်ရာရသူတွေ အတွက် တနင်္ဂနွေ ဆုတောင်းပွဲ ကျင်းပမယ်လို့ သိရပါတယ်။

အမေရိကန် တချို့ အပါအဝင် အပြေးသမားတွေနဲ့ မာရသွန်ပွဲကို ထောက်ခံသူတွေ စုရုံးကာ ဆုတောင်းပွဲ ကျင်းပမှာ ဖြစ်ပြီး ဖယောင်းတိုင် မီးတွေလည်း ထွန်းညှိကြမယ်လို့ ဆိုပါတယ်။