ဘော်စတွန် ဖောက်ခွဲသူ ထွက်ချက် မပေးနိုင်

  • 22 ဧပြီ 2013
boston
Image caption မသေဘဲ ကျန်ရစ်သူ Dzhokhar

ဘော်စတွန် ဗုံးခွဲမှု လက်သည်လို့ မသင်္ကာ ခံရတဲ့ ညီအစ်ကို ထဲက ကျန်ရစ်သူ ညီဖြစ်သူ လည်ချောင်းမှာ သေနတ် ဒဏ်ရာကြောင့် ထွက်ဆိုချက် ပြောကြား နိုင်တော့မယ့်ပုံ မရှိဘူးလို့ သတင်း ရရှိ ပါတယ်။

သူတို့ ညီအစ်ကို နှစ်ယောက် ဒီလို တိုက်ခိုက်မှုတွေ လုပ်ဖြစ်အောင် လှုံ့ဆော် ခဲ့တယ်ဆိုတာကို စုံစမ်း မေးမြန်းသူတွေက သိချင်နေကြပြီး ညီဖြစ်သူ တက်နေတဲ့ ဆေးရုံမှာ အသင့် စောင့်ဆိုင်း နေကြပါတယ်။

၁၉ နှစ်သား အသက်မသေ ကျန်ရစ်သူဟာ သတိပြန်ရနေပြီး မေးတာတွေကို စာရေး ဖြေကြား နေတယ်လို့ အမေရိကန် ရုပ်မြင်သံကြား တွေက ပြောကြား ပေမယ့် တရားဝင် အတည်ပြုချက် ထွက်မလာ သေးပါဘူး ။

သူတို့ ညီအစ်ကိုက ဖောက်ခွဲမှုတွေ ဆက်လုပ်ဖို့ ကြံထားပြီး လောင်စာတွေ လက်ဝယ် အသင့်ရှိတယ် လို့လဲ ဘော်စတွန် ရဲမင်းကြီး အက်ဒွပ် ဒေးဗစ်က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ