တရုတ်မြေငလျင် ကယ်ဆယ်ရေး အတွက် အခက်ကြုံ

  • 21 ဧပြီ 2013
Image caption ယအန် မြို့ အဓိက ဆေးရုံ တဝိုက်မှာလည်း ယာယီ ရွက်ဖျင် တဲတွေ ထိုးပြီး၊ ဒဏ်ရာ ရသူတွေ ကို ဆေးကုပေးနေ

တရုတ်နိုင်ငံ အနောက် တောင်ပိုင်းမှာ စနေနေ့က အင်အားပြင်း မြေငလျင် တခု လှုပ်ခါလို့ ပျက်ဆီး မှုတွေ ဖြစ်ခဲ့တဲ့ တောင်ပေါ်က လူသူ အရောက် အပေါက် နည်းတဲ့ ရွာတွေကို ရောက်ဖို့ အတွက် ကယ်ဆယ်ရေး အဖွဲ့တွေဟာ ခက်ခက် ခဲခဲ ကြိုးပမ်း နေရ ပါတယ်။

ပြင်းအား ၆.၆ ရှိတဲ့ မြေငလျင်ကြောင့် သေဆုံးသူ ၂၀ဝ ကျော်သွားပြီ ဆိုတာကို အတည်ပြု နိုင်ပြီး၊ တခြား တသောင်း တထောင်လောက် ကတော့ ထိခိုက် ဒဏ်ရာ ရရှိသွား ကြပါတယ်။

မြေငလျင်ဟာ ဆီချွမ်း ပြည်နယ် ချိန်တူးမြို့ အနောက်ဘက် ကျေးလက် ဒေသမှာ လှုပ်ခါ သွားတာ ဖြစ်ပါတယ်။

လမ်းတွေကကျဉ်း၊ မြေပြိုမှုတွေနဲ့ ယာဉ်ကြော ပိတ်ဆို့တာ ကလည်း အကြီးအကျယ် ဖြစ်နေ တာကြောင့် မြေငလျင် ဒဏ် အဆိုးဆုံး ထိခဲ့တဲ့ နေရာ တချို့ကို ကူညီ ထောက်ပံ့ရေး ပစ္စည်းတွေ မရောက်နိုင် ဖြစ်နေရ ပါတယ်။

ကယ်ဆယ်ရေး ဆောင်ရွက်ဖို့ အတွက် ရဲနဲ့ စစ်သား အင်အား ၁ သောင်း ၇ ထောင်ကို စေလွှတ်ထား ပါတယ်။ ယအန် မြို့ အဓိက ဆေးရုံ တဝိုက်မှာလည်း ယာယီ ရွက်ဖျင် တဲတွေ ထိုးပြီး၊ ထိခိုက် ဒဏ်ရာ ရသူတွေကို ဆေးကုသမှုတွေ လုပ်ပေးနေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ