လန်ဒန်နဲ့ ပါလက်စတိုင်းမှာ မာရသွန်ပြေး

  • 21 ဧပြီ 2013
marathon palestine
Image caption ပထမဆုံး မာရသွန် ပြေးတဲ့ ပါလက်စတိုင်းများ

ဘော်စတွန် မာရသွန် ဗုံးကွဲမှု အပြီး ၆ ရက် အကြာ မနေ့ တနင်္ဂနွေနေ့ မှာပဲ လန်ဒန် မာရသွန် မှာ အပြေးသမား သုံးသောင်းကျော် ပါဝင် ဆင်နွှဲ ခဲ့ကြပါတယ်။

ကင်ညာ နိုင်ငံသူ Priscah Jeptoo နဲ့ အီသီယိုး ပီးယား နိုင်ငံသား Tsegaye Kebede တို့က လန်ဒန် မာရသွန်မှာ အမျိုးသမီး အမျိုးသား အပြေး ချန်ပီယံ ဆုတွေ ဆွတ်ခူး ခဲ့ကြ ပါတယ်။

လုံခြုံရေးကတော့ အထူး တင်းကျပ်ခဲ့ပါတယ်။

ပြိုင်ပွဲမစခင်မှာ ဘော့စတွန် ဗုံးကွဲမှုမှာ ထိခိုက်သေဆုံးသူတွေ အတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ် အဖြစ် စက္ကန့် ၃ဝ ငြိမ်သက် ခဲ့ကြသလို အပြေးသမား တွေကိုလဲ အနက်ရောင် ဖဲကြိုးတွေ တပ်ဆင်ကြဖို့ တောင်းဆို ခဲ့ပါတယ်။

ပါလက်စတိုင်း အနောက်ဘက်ကမ်း ဒေသမှာလဲ ပထမဆုံး အကြိမ် မာရသွန်ပွဲ ဆင်နွှဲ ခဲ့ကြပါတယ်။

ဘက်သယ်လ်ဟမ် မြို့ ကို ပတ်ပြီး ၁၄ မိုင် လောက် ရှည်လျားတဲ့ ပြေးလမ်း ဟာ ဒုက္ခသည် စခန်းတွေကို ဖြတ်ပြီးတော့ အစ္စရေး နယ်စပ် စည်းရိုးထိ ရောက်သွားပါတယ်။

အနောက်ဘက်ကမ်းမှာ ၁၄ မိုင် ဆက်တိုက် ရှည်တဲ့ ပြေးလမ်း ရဖို့ မဖြစ်နိုင်လို့ မာရသွန် အစအဆုံး ပြေးတဲ့ လူ တရာလောက်က ပြေးလမ်းကို နှစ်ကျော့ ပြန်ပြီး ပြေးကြရပါတယ်။

ကျန်တဲ့ လူ ၄ဝဝ လောက်ကတော့ ပြေးလမ်း အတိုတွေက ပြေးကြပါတယ်။

ဒီမာရသွန်မှာ ပါလက်စတိုင်း လူမျိုးက တဝက်နဲ့ နိုင်ငံခြားသားက တဝက် ဝင်ပြေး ခဲ့ကြပါတယ်။

ဂါဇာ ဘက်ကလာတဲ့ အပြေးသမား အုပ်စု တစုကိုတော့ အနောက်ဘက်ကမ်းကို အစ္စရေး တို့က အဝင်မခံဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ