ကျူးဘားမှ အဖြူရောင် အမျိုးသမီးအဖွဲ့ ဆုရ

  • 23 ဧပြီ 2013
_cubas_ladies_in_white
Image caption ကျူးဘားမှ အဖြူရောင် အမျိုးသမီး အဖွဲ့

ကျူးဘား နိုင်ငံမှ The Ladies in White အဖြူရောင် အမျိုးသမီးအဖွဲ့ ဟာ အစိုးရ ဆန့်ကျင်သူ ၇၅ ယောက် ကို မတရား သဖြင့် နှစ်ရှည် ထောင်ဒဏ် ချမှတ်တာ ကို ပြန်လည် လွှတ်ပေး ဖို့ ခြိမ်းခြောက်မှု ကြားက တနင်္ဂနွေ နေ့တိုင်း ဟာဗားနား မြို့တော်မှာ ချီတက် ဆန္ဒပြ ခဲ့တဲ့ အတွက် ဥရောပ ပါလီမန် က ၂၀၀၅ ခုနှစ် က SAKHAROV လူ့အခွင့်အရေးဆု ချီးမြှင့် ခဲ့ပါတယ်။

ဒါပေမယ့် ဘရပ်ဆဲလ်မြို့တော် ကို သွားရောက်ပြီး ဆုယူခွင့် မပြုတဲ့ အတွက် နိုင်ငံတွင်းက ထွက်လို့ မရကြဘဲ၊ ပြီးခဲ့တဲ့ ဇန္နဝါရီလ ကမှ နိုင်ငံကူး လက်မှတ် ခွင့်ပြုခဲ့ပါတယ်။ အဲဒီအတွက် အဖြူရောင် အမျိုးသမီးအဖွဲ့ ထဲမှ လော်ရာ လာဘရာဒါ က ရှည်လျားခက်ခဲတဲ့ ခယောင်းလမ်း ကို ဖိနှိပ်မှု အမျိုးမျိုးကြား က ယုံကြည်မှု အပြည့်အဝ နဲ့ လျှောက်လှမ်းခဲ့ တာကို ဥရောပ ပါလီမန် က အသိအမှတ် ပြုတဲ့ အတွက် ကျေးဇူးတင်းကြောင်း ဆုပေးပွဲ အခန်းအနားမှာ ပြောသွားပါတယ်။

ဥရောပ ပါလီမန် ဒုတိယ ဉက္ကဌ Edward MacMillan-Scott ကလည်း အဖြူရောင် အမျိုးသမီး အဖွဲ့ဟာ သတ္တိ ရှိရှိ နဲ့ ညီညွတ်တဲ့ အင်အားပြ လှုပ်ရှားမှု ကြောင့် SAKHAROV လူ့အခွင့်အရေးဆု နဲ့ အသိအမှတ်ပြု ခံရခြင်းဟာ ၀မ်းမြောက်စရာ ကောင်းကြောင်း ပြောပါတယ်။

ဒီအမျိုးသမီးတွေ ဟာ သူတို့ရဲ့ သားတွေ၊ ခင်ပွန်းတွေ၊ ဖခင်တွေ၊ အကို နဲ့ မောင်တွေ အကျဉ်းမှ လွတ်မြောက်ရေး ကို ငြိမ်းချမ်းစွာ တောင်းဆို ခဲ့ကြတာပါ။ ၁၉၉ဝ ခုနှစ် ကလည်း ဒေါ်အောင်ဆန်းစုကြည် SAKHAROV လူ့အခွင့်အရေးဆု ချီးမြှင့်ခံခဲ့ ရပါတယ်။