ဆီးရီးယား ဓာတုလက်နက်သုံးတယ်လို့ အစ္စရေးစွပ်စွဲ

  • 23 ဧပြီ 2013
Syria
Image caption ဓာတုလက်နက်သုံးခဲ့တဲ့ ဖြစ်ရပ်တွေ ရှိတယ်လို့ အစ္စရေးက ဆို

ဆီးရီးယားအစိုးရဟာ သူပုန်တွေအပေါ် ဓာတုလက်နက် အသုံးအပြုပြီး တိုက်ခိုက် ခဲ့တယ်လို့ အစ္စရေးက ပထမဆုံး အကြိမ် အတိ အလင်း စွပ်စွဲ လိုက်ပါတယ်။

အစ္စရေးက စစ်တပ် လုံခြုံရေး သုတေသနဌာန အကြီးအကဲ ဗိုလ်မှူးချုပ် အီတိုင်း ဘာရွန်က လုံခြုံရေး အစည်းအဝေး တစ်ခုမှာ အဲဒီလို ပြောလိုက်တာပါ။

ဆီးရီးယားအစိုးရကနေ ဓာတု လက်နက် သုံးစွဲတဲ့ ဖြစ်ရပ်တချို့ တွေ့ခဲ့ရပြီး အဲဒီထဲမှာ မတ်လ ၁၉ ရက်နေ့က တိုက်ခိုက်မှုလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

ဆီးရီးယား အစိုးရဘက်ကတော့ မတ်လ ၁၉ ရက် တိုက်ခိုက်မှုဟာ သူပုန်တွေဘက်က လုပ်ခဲ့တာလို့ ဆိုပါတယ်။

ဓာတု ပစ္စည်းတွေဟာ ဆာရင်း ကို အခြေခံတဲ့ ပစ္စည်းတွေ ဖြစ်နိုင်တယ်လို့လည်း အဲဒီ အစ္စရေး စစ်တပ် အရာရှိက ပြောပါတယ်။