အငြင်းပွားကျွန်းစုကိစ္စ ဂျပန်က တရုတ်ကို သတိပေး

  • 23 ဧပြီ 2013
Image caption နှစ်နိုင်ငံ စလုံးက သင်္ဘောတွေ အဲဒီ နယ်မြေကို ရောက်ရှိ နေတဲ့ အချိန်မှာ ဂျပန်က သတိပေး လိုက်တာ ဖြစ်

အရှေ့ တရုတ် ပင်လယ်ပြင်က သူပိုင် ငါပိုင် အငြင်းပွား နေကြတဲ့ ကျွန်းစု တွေမှာ တရုတ် သင်္ဘောတွေ လာပြီး ဆိုက်ကပ် မယ်ဆိုရင် ဂျပန် အနေနဲ့ အင်အားသုံး မောင်းထုတ် ရလိမ့် မယ်လို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောကြား လိုက်ပါတယ်။

ဒါဟာ မစ္စတာ အာဘေးရဲ့ အပြတ်သား ဆုံးသော သတိပေးချက် ဖြစ်ပြီး၊ နှစ်နိုင်ငံ စလုံးက သင်္ဘောတွေ အဲဒီ နယ်မြေကို ရောက်ရှိ နေတယ်လို့ သတင်းတွေ ထွက် နေတဲ့ အချိန်မှာပဲ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

တရုတ် ထောက်လှမ်းရေး သင်္ဘော ၈ စီး နဲ့ ဂျပန် ငါးဖမ်းလှေ ၁၀ စီး တို့ အဲဒီ ဒေသမှာ ရောက်ရှိ နေတာ ဖြစ်ပြီး၊ ဂျပန် ငါးဖမ်းလှေ ပေါ်မှာ လက်ယာယိမ်း ဂျပန် အမျိုးသားရေး ဝါဒီ အဖွဲ့ဝင် တွေ ပါပါတယ်။

အခုလို ဂျပန် အမျိုးသားရေး ဝါဒီတွေ ဒီနေရာကို ခရီးထွက် လာတာဟာ တရား မဝင်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန က တုံ့ပြန် ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ