အလက်ပိုမှာ ရှေးမျှော်စင်ပျက်စီး

  • 24 ဧပြီ 2013
aleppo mosque
Image caption မျှော်စင် နေရာက အပျက်အစီးတွေကို တွေ့ရ

ဆီးရီးယား အစိုးရတပ်နဲ့ သူပုန်တွေ အကြား တိုက်ပွဲတွေ အတွင်း အလက်ပိုမြို့မှာ ရှေး အနှစ် တထောင်က တည်ထားခဲ့တဲ့ ရှေးဟောင်း ဗလီ အဆောက်အဦကြီးက မျှော်စင် ပြိုကျ ပျက်စီး ခဲ့ပါတယ်။

ဒီဗလီကြီးကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် တနေရာ အဖြစ်လဲ ကုလသမဂ္ဂက စာရင်းတင် ထားပါတယ်။

အင်တာနက်က ရတဲ့ပုံတွေမှာတော့ မျှော်စင် နေရာက အပျက်အစီးတွေကို တွေ့ရပါတယ်။

ဒီပျက်စီးမှု အတွက် ဆီးရီးယား အစိုးရ ရုပ်သံက အစ္စလာမ် စစ်သွေးကြွတွေကို အပြစ်တင် ထားပါတယ်။

ဒါပေမဲ့ အစိုးရ ဗုံးဆန်ကြောင့် ပြိုကျတာလို့ အတိုက်အခံ ဘက်က ဘီဘီစီကို ပြောပါတယ်။

ဒီနေရာမှာ ခရစ်ဝင် ကျမ်းစာတွေထဲက သူတော်စင် တပါးရဲ့ ရုပ်ကြွင်း တွေကို မြှုပ်နှံရာလို့ ခရစ်ယာန်တွေ ဘက်ကလဲ ယူဆလို့ ခရစ်ယာန် မွတ်ဆလင် နှစ်ဘက်စလုံးက အထွတ်အမြတ် ထားတဲ့ နေရာ တခုလဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ