အီတလီအစိုးရသစ်ဖွဲ့ဖို့ သမ္မတတောင်းဆို

  • 24 ဧပြီ 2013
ဒီမိုကရက်တစ် ပါတီခေါင်းဆောင် လက်တာ
Image caption ဒီမိုကရက်တစ် ပါတီခေါင်းဆောင် လက်တာ

အီတလီနိုင်ငံမှ ဗဟိုကနေလက်ျာယိမ်းတဲ့ ဒီမိုကရက်တစ်ပါတီ ဒုတိယခေါင်းဆောင် Enrico Lettaကို ကျယ်ပြန့်တဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အီတလီသမ္မတ Giorgio Napolitanoက ဖိတ်ခေါ်လိုက်ပါတယ်။

အဖြေပြတ်ပြတ်သားသား မထွက်တဲ့ ရွေးကောက်ပွဲကြောင့် ၂လလောက် ရှေ့မတိုး နောက်မဆုတ်ဖြစ်လို့ ရပ်တန့်နေတဲ့အီတလီ နိုင်ငံရေးကို အခုလို တာဝန်ပေးလိုက်တဲ့အတွက် အဆုံးသတ်တော့မယ်လို့ မျှော်လင့်ရပါတယ်။

အရင်တုန်းကတော့ Lettaဟာ ဝန်ကြီးချုပ်ဟောင်း Berlusconiရဲ့ လက်ယာယိမ်း ပါတီမှ လူငယ်အဖွဲ့ဝင်ဖြစ်ပါတယ်။ အီတလီနိုင်ငံရေး အုပ်စုကွဲတွေက လက်တာလို နိုင်ငံရေးသမားလက်အောက်မှာ အစိုးရသစ်ဖွဲ့နိုင်မယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ