ဘင်္ဂလားဒေ့ရှ် ပြိုကျ အဆောက်အအုံက လူတွေကို ရှာဖွေဆဲ

bangladesh_rescue
Image caption ပြိုကျခဲ့တဲ့ ၈ ထပ် အဆောက်အအုံ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ၈ ထပ် အဆောက်အအုံ ပြိုကျခဲ့ရာမှာ အပျက်အစီး တွေအကြား ကျန်ရှိနေသေး သူတွေကို ကယ်ဆယ်ရေး သမားတွေက ဆက်လက်ရှာဖွေ နေကြဆဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက်ရှင် ကျန်နေသူတွေကို တွေ့ဖို့ ကတော့ သိပ်ပြီး မျှော်လင့်ချက်မရှိ တော့ဘူးလို့လည်း ဆိုပါတယ်။

ဒါကာ မြို့တော်ရဲ့ ဆင်ခြေဖုန်း အရပ်မှာ ရှိတဲ့ အထည်ချုပ် လုပ်ငန်းတွေ အဲဒီ အဆောက်အဦ ပြိုကျခဲ့ရာမှာ အနည်းဆုံး လူ ၂၁၀ ထက်မနည်း သေဆုံးခဲ့ရ တယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။

နောက်ထပ် လူပေါင်း ၁၀၀၀ ဝန်းကျင်လောက်လည်း ပျောက်ဆုံး နေဆဲ ဖြစ်ပါတယ်။ နောက်ဆုံးဝင်လာတဲ့ သတင်းတပုဒ် အရတော့ လူပေါင်း ၄၀ လောက်ကို ထပ်ပြီး ကယ်ဆယ် လိုက်နိုင်တယ်လို့ သိရပါတယ်။

အဲဒီ နေရာအနီး တဝိုက်မှာ လူပေါင်း ထောင်နဲ့ ချီပြီး သတင်းစောင့် နေကြသလို အနီးတဝိုက်က ဆေးရုံ တွေမှာလည်း ကိုယ်နဲ့ ပတ်သက်တဲ့ လူတွေ ရဲ့ အလောင်း တွေကို လိုက်ရှာ နေကြတယ်လို့ အဲဒီက သတင်းထောက် တွေက ပြောပါတယ်။ မြို့အာဏာပိုင် တွေကတော့ အဲဒီ အဆောက်အဦ ရဲ့ ပိုင်ရှင်နဲ့ အထဲက စက်ရုံ တွေရဲ့ ပိုင်ရှင် တွေကို လူသေမှုနဲ့ အမှု ဖွင့်ထား ကြပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ