တရုတ်နဲ့ ပြင်သစ် ကုန်သွယ်ရေး စာချုပ်တွေ ချုပ်ဆို

  • 26 ဧပြီ 2013
Image caption ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလွန်း

တရုတ် နိုင်ငံဟာ ပြင်သစ် ဆီကနေ အဲဘတ်စ် လေယာဉ် အစင်း ခြောက်ဆယ် ဝယ်ယူဖို့နဲ့ နျူကလီးယား စွန့်ပစ်ပစ္စည်းသုံး စက်ရုံ တည်ဆောက်ဖို့ အပါအဝင် ကုန်သွယ်ရေး စာချုပ် အများအပြား ချုပ်ဆိုခဲ့ပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလွန်းဒ် နဲ့ တရုတ် သမ္မတ ရှီကျင်းပင်တို့ ဘေဂျင်းမြို့မှာ တွေ့ဆုံ ဆွေးနွေးပြီး စာချုပ်တွေကို ချုပ်ဆို အတည်ပြုခဲ့ ကြတာ ဖြစ်ပါတယ်။

သမ္မတ ဖရန်ဆွာ အိုလွန်းနဲ့ အတူ ပြင်သစ် ဝန်ကြီး ရှစ်ယောက်နဲ့ လုပ်ငန်းရှင် အယောက် ခြောက်ဆယ်တို့ လိုက်ပါသွားတာ ဖြစ်ပါတယ်။

ပြင်သစ် ပစ္စည်းတွေကို ပိုပြီး တင်သွင်းဖို့ တရုတ် အနေနဲ့ ဆန္ဒရှိပေမယ့် အပြန်အလှန် အားဖြင့် တရုတ်ရဲ့ အဆင့်မြင့် နည်းပညာ ပစ္စည်းတွေကို တင်သွင်းဖို့ ဥရောပ သမဂ္ဂက ထိန်းချုပ် ထားတာတွေကို လျော့ပေါ့ လိုက်လျောမှုတွေ ပြုလာအောင် ပြင်သစ်က ကူညီပေးဖို့ မျှော်လင့်တယ်လို့ မစ္စတာ ရှီက ပြောပါတယ်။