အီတလီမှာ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ သဘောတူညီချက် ရ

  • 27 ဧပြီ 2013
Image caption အီတလီ အစိုးရသစ် ဖွဲ့ဖို့ သဘောချက်ရပြီလို့ ကြေညာတဲ့ ဝန်ကြီးချုပ်လောင်း Enrico Letta

အီတလီမှာ မရေရာတဲ့ ရလဒ်သာ ထွက်ခဲ့တဲ့ ရွေးကောက်ပွဲ ကျင်းပပြီးခဲ့တဲ့ နှစ်လကြာချိန်မှာ ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ သဘောတူညီချက် ရသွားပါပြီ။

သူ့ရဲ့ ဗဟို လက်ဝဲယိမ်း ဒီမိုကရက် ပါတီနဲ့ ဝန်ကြီးချုပ်ဟောင်း Silvio Berlusconi ရဲ့ လွတ်လပ်သော ပြည်သူ့ပါတီတို့ တွေ့ဆုံ ဆွေးနွေး ပြီးတဲ့နောက် သဘောတူညီချက် ရပြီလို့ ဝန်ကြီးချုပ် အဖြစ် လျာထားခံရတဲ့ Enrico Letta က ကြေညာခဲ့ပါတယ်။

မစ္စတာ ဘာလစ်ကိုနီကတော့ အစိုးရ အဖွဲ့ထဲမှာ မပါဝင်ပေမယ့် သူ့နဲ့ နီးစပ်တဲ့ နိုင်ငံရေး မဟာမိတ် Angelino Alfano က ဒုဝန်ကြီးချုပ် နဲ့ ပြည်ထဲရေး ဝန်ကြီး ရထူးတွေ ရယူခဲ့ပါတယ်။

အရင် ဥရောပ သမဂ္ဂ ကော်မရှင်နာမင်းကြီး Emma Bonino က နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာပြီး အစိုးရဖွဲ့သစ်ဟာ ဒီနေ့ တနင်္ဂနွေနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ