ပါကစ္စတန်မှာ ဗုံးခွဲမှုတွေ ဆက်ဖြစ်

  • 28 ဧပြီ 2013
Image caption အဝါမီ အမျိုးသားရေး ပါတီရဲ့ အဆောက် အဦး နေရာ တွေမှာ ထိခိုက်မှု ဖြစ်ပွားခဲ့

ရှေ့လ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ့် ပါကစ္စတန် နိုင်ငံမှာ မဲဆွယ် စည်းရုံးရေး ရုံးတွေ ဆက်တိုက် ဆိုသလို ဗုံးခွဲ တိုက်ခိုက် ခံနေရ ပါတယ်။

တနင်္ဂနွေနေ့မှာ ဗုံးနှစ်လုံး ပေါက်ကွဲ ခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံး သွားပြီး တခြား အတော် များများ ဒဏ်ရာ ရရှိသွား ပါတယ်။ ဖေါက်ခွဲမှု နှစ်ခု စလုံး ဟာ နိုင်ငံ အနောက်မြောက် ဘက်ပိုင်းမှာ ဖြစ်ပွား ခဲ့တာပါ။

ကို့တ် မြို့ အနီးက တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဆာအိ နော် အက်ခ်ဘာ ရဲ့ ရုံးနဲ့ အဝါမီ အမျိုးသားရေး ပါတီရဲ့ အဆောက် အဦး နေရာ တွေမှာ ထိခိုက် မှုတွေ ဖြစ်ပွားခဲ့ ပါတယ်။ ပက်ရှဝါမြို့ စွန်ဘက်က နောက်ထပ် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ရုံး ဟာလည်း ပစ်မှတ်ထား တိုက်ခိုက် ခံခဲ့ ရပါတယ်။

စနေနေ့ ကတော့ ပါကစ္စတန်ရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ ကရာချိမှာ ဗုံးပေါက် ကွဲမှုတွေကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံး သွားခဲ့ ပါတယ်။

ဘယ်သူကမှ ဒီဗုံးခွဲ တိုက်ခိုက်မှုတွေ လုပ်နေတယ် ဆိုတာကို ထုတ်ဖေါ် ပြောကြား တာမျိုး မရှိပါ။ ဒါပေမယ်လို့ ပါကစ္စတန် တာလီဘန် တွေ ကတော့ ဘာသာရေးနဲ့ ကင်းရှင်းရမယ် ဆိုတဲ့ နိုင်ငံရေး ပါတီတွေ အပေါ် ခြိမ်းခြောက် မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ