ဘင်္ဂလား ပြိုကျအဆောက်အဦး နောက်ဆုံးအခြေအနေ

  • 29 ဧပြီ 2013
Image caption အပျက် အဆီးတွေ အောက် ကနေ အလောင်း ၃၇၀ ကျော်ကို ဆွဲထုတ် နိုင်ခဲ့

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ပြိုကျ ခဲ့တဲ့ ၈ ထပ် အဆောက် အဦး အောက်မှာ ဆက်လက် ပိတ်မိ နေဆဲ ရာနဲ့ ချီတဲ့ လူတွေ ကို အသက်ရှင်လျက် ကယ်ထုတ် နိုင်မယ့် မျှော်လင့် ချက်ဟာ တဖြည်းဖြည်း မရှိ သလောက် ဖြစ်လာနေ ပါတယ်။

အပျက် အဆီးတွေ အောက် ကနေ အလောင်း ၃၇၀ ကျော်ကို ဆွဲထုတ် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး သမားတွေဟာ ရှာဖွေမှုတွေ လုပ်နေတာ အခု ဆိုရင် ၆ ရက် ရှိလာ နေပြီ ဖြစ်ပါတယ်။ အခုတော့ သူတို့ဟာ စက်ယန္တရား ကြီးတွေ သုံးပြီး ကွန်ကရစ် တုံး တွေကို ဖယ်ရှား နေပါတယ်။

အစောပိုင်း ကတော့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာ ဟာ အဲဒီ နေရာကို သွားရောက် ခဲ့ပြီး ထိခိုက် သေဆုံး သွားခဲ့ သူတွေရဲ့ မိသားစု တွေကို တွေ့ဆုံ အားပေးခဲ့ ပါတယ်။

ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်မှု တွေမှာ အကူ အညီပေးဖို့ ဗြိတိန် အပါ အဝင် နိုင်ငံ တကာရဲ့ ကမ်းလှမ်း မှုတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရက ငြင်းဆန် လိုက်ပါ တယ်။

ဘင်္ဂလားဒေ့ရှ် ပြည်တွင်းက အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်း စနစ်မှာ စက်ပစ္စည်း ကိရိယာ ပြည့်ပြည့် စုံစုံ ရှိပြီး နိုင်နိုင် နင်းနင်း ဆောင်ရွက် နိုင်တဲ့ အတွက် နိုင်ငံ တကာရဲ့ အကူ အညီ မလိုဘူး ဆိုပြီး ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးက ပြောကြားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ