စစ်တပ်လိုင်စင်တပ် ကားတွေကို တရုတ်မှာ တားမြစ်

  • 29 ဧပြီ 2013
Image caption စစ်ဖက် ဆိုင်ရာ လိုင်စင် နံပါတ်ပြားတွေကို ဇိမ်ခံ အမျိုး အစား ကားတွေမှာ တပ်ဆင် အသုံးပြု နေ

တရုတ် နိုင်ငံက စစ်ဖက် ဆိုင်ရာ အရာရှိ တွေဟာ သူတို့ရဲ့ ဇိမ်ခံ ကားတွေမှာ စစ်တပ် လိုင်စင် နံပါတ်ပြား တွေ တပ်ပြီး အသုံးပြု မောင်းနှင် တာတွေ ကို တရုတ် အစိုးရက တားမြစ် တော့မှာ ဖြစ်တယ်လို့ ကြေညာ လိုက်ပါတယ်။

ကားပိုင်ရှင် အရာရှိ တွေဟာ သူတိုရဲ့ ဇိမ်ခံကား တွေမှာ စစ်တပ် လိုင်စင် နံပါတ်ပြား တပ်ထားတဲ့ အတွက် မီးပွိုင့်မှာ မီးနီ နေလည်း ဖြတ်မောင်း ခွင့် ရှိပြီး၊ တခြား သော ယာဉ်စည်းကမ်း တွေကို လစ်လျူရှု ချိုးဖောက် နေတာ ဖြစ်ပါတယ်။

ဒီလို စစ်ဖက် ဆိုင်ရာ လိုင်စင် နံပါတ်တွေကို BMW နဲ့ Mercedes လို ဇိမ်ခံ အမျိုး အစား ကားတွေမှာ တပ်ဆင် အသုံးပြု နေတာ ဖြစ်ပြီး အခုတော့ ဒါတွေ ကို ပိတ်ပင် တားမြစ် တော့မှာ ဖြစ်ပါတယ်။

စစ်ဖက် ဆိုင်ရာ လိုင်စင် နံပါတ် တပ်ထားတဲ့ ယာဉ်တွေ ပိုင်တဲ့သူ အားလုံးဟာ သူတို့ရဲ့ ကားတွေကို ပြန်ပြီး မှတ်ပုံ တင်ရမှာ ဖြစ်ပါတယ်။

သမ္မတ ရှီဂျင်ပင်းရဲ့ ခေါင်းဆောင်မှုသစ် အောက်မှာ အရာရှိတွေ အထူး အခွင့် အရေးတွေ ယူပြီး မတရား လုပ်နေ တာတွေကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး တစိတ် တပိုင်း အနေနဲ့ တားဆီး ချေဖျက် သွားမှာ ဖြစ်ပါတယ်။

အငြိမ်းစား အရာရှိ တွေနဲ့ လက်ရှိ တာဝန်ရှိ အရာရှိ တွေရဲ့ မိသားစု ဝင်တွေနဲ့ သူငယ်ချင်း မိတ်ဆွေတွေ ကပါ အခွင့်ကောင်း ယူပြီး စစ်တပ် လိုင်စင် နံပါတ်ပြား တွေကို မကြာခဏ ဆိုသလို အသုံးပြု နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ