သမ္မတဟောင်း မူရှာရက်ဖ်ကို အကျယ်ချုပ် ထပ်ချ

  • 30 ဧပြီ 2013
Image caption ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံ ခံရမှုနဲ့ ပတ်သက်ပြီး အကျယ်ချုပ် ချမှတ်

ပါကစ္စတန် သမ္မတဟောင်း ပါဗက် မူရှာရက်ဖ်ကို ဒုတိယ အကြိမ် နေအိမ် အကျယ်ချုပ် ကျခံ စေဖို့ ပါကစ္စတန် တရားရုံး တခု ကနေ အမိန့် ချမှတ် လိုက်ပါတယ်။

သီတင်း နှစ်ပတ် ကျခံရမယ့် အခု တရားရုံး အမိန့်ဟာ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံ ခံရမှုနဲ့ ပတ်သက်ပြီး ချမှတ် လိုက်တာ ဖြစ် ပါတယ်။

မစ် ဘူတိုဟာ ၂၀၀၇ ခုနှစ်က တုန်းက မဲဆွဲ တရား ဟောကြားခဲ့ပြီး နောက် ဗုံးခွဲ ပစ်ခတ် တိုက်ခိုက် ခံခဲ့ ရတဲ့ အတွက် သေဆုံး သွားခဲ့ ရတာ ဖြစ်ပါတယ်။

မစ္စတာ မူရှာရက်ဖ်ဟာ သူ အာဏာ ရှိစဉ်က ထိပ်တန်း တရားသူကြီး တွေကို ရာထူးက ဖြုတ်ပြီး ဖမ်းဆီး ထိန်းသိမ်း ထားမှု အတွက်လည်း တရား ရင်ဆိုင် နေရ တာဖြစ် ပါတယ်။

အခုတော့ သူ့ကို မြို့တော့ အစ္စလာမ် မာဘတ် ဆင်ခြေဖုံး ဘက်က သူ့နေ အိမ်မှာ အကျယ်ချုပ် ချထား ပါတယ်။