နယ်သာလန် ဘုရင်သစ် နန်းတက်ပွဲ ကျင်းပ

Image caption ဘုရင်းမကြီး Beatrix ကတော့ နန်းသက် ၃၃ နှစ် ကြာမြင့်ခဲ့ ပါတယ်

နယ်သာလန် နိုင်ငံ ဘုရင်သစ် Willem-Alexander ဟာ မြို့တော် အမ်စတာဒမ် မှာ အင်္ဂါနေ့က နန်းတက်ပွဲ အခမ်း အနား ကျင်းပခဲ့ ပါတယ်။

အခမ်း အနားမှာ ဘုရင်သစ် Willem-Alexander က အခြေခံ ဥပေဒ ကို သစ္စာစောင့် သိမယ်လို့ ကျမ်းကျိန်ခဲ့ ပါတယ်။

နန်းတက် အပေါ် ဝတ်ရုံကို ဝတ်ဆင် ထားတဲ့ ဘုရင်သစ် ဟာ သူ့မယ်တော် ဘုရင်မကြီး Beatrix ကိုလည်း အရို အသေ ပေးခဲ့ ပါတယ်။

နန်းသက် ၃၃ နှစ် ကြာ ခဲ့တဲ့ ဘုရင်းမကြီး Beatrix ကတော့ အင်္ဂါနေ့ မှာပဲ ထီးနန်း စွန့်ပြီ ဖြစ်ကြောင်း လက်မှတ် ရေးထိုး ခဲ့တာ ဖြစ်ပါ တယ်။

သိန်းနဲ့ ချီတဲ့ ပြည်သူ တွေဟာ အမ်စတာဒမ်မြို့ တလွှား လမ်းမတွေ ဘေးမှာ တပ်ဆင် ထားတဲ့ TV screen ကြီးတွေ ကနေ နန်းတက် ပွဲကို ကြည့်ရှု ခဲ့ကြ ပါတယ်။

နယ်သာလန် မှာ ဘုရင်မ သုံးပါး ဆက်တိုက် ထီးနန်း စိုးစံ ခဲ့ပြီး နောက် အခု ဘုရင်သစ် Willem-Alexander ဟာ နှစ်ပေါင်း တရာ ကျော် အတွင်း ပထမဆုံး ဘုရင် အဖြစ် နန်းတက် လာတာ ဖြစ်ပါတယ်။

အခမ်း အနားတွေကို အမ်စတာဒမ် မြို့ တူးမြောင်း တလျှောက် တညလုံး ဆက်လက် ကျင်းပ သွားမယ်လို့ မျှော်လင့်ရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ