USAID အဖွဲ့ကို ဘိုလီးဗီးယား နိုင်ငံထဲက နှင်ထုတ်

  • 2 မေ 2013
Image caption ဘိုလီးဗီးယား သမ္မတ

အမေရိကန်ဟာ ဘိုလီးဗီးယား ပြည်တွင်းရေးကို စွက်ဖက်နေပြီး သမ္မတ Evo Morales ရဲ့ လက်ဝဲယိမ်း အစိုးရ အာဏာ လျော့ပါးလာအောင် ကြိုးစားနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို အမေရိကန် အစိုးရက ပယ်ချလိုက်ပါတယ်။

အမေရိကန် အစိုးရရဲ့ လူမှုကယ်ဆယ်ရေး ပရဟိတ အဖွဲ့တခု ဖြစ်တဲ့ US-A-I-D ကို တိုင်းပြည်ထဲက နှင်ထုတ်ဖို့ ကြေညာခဲ့ပြီး မစ္စတာ မိုရဲလ်က အဲဒီလို စွပ်စွဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် Patrick Ventrell ကတော့ ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိဘူး ၊ နိုင်ငံရေး အရ စွပ်စွဲမှုတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘိုလီးဗီးယားမှာ USAID က ၂ဝ၁ဝ ခုနှစ်မှာ ဒေါ်လာ ၅၂ သန်းလောက် ထောက်ပံ့ပြီး ဖွံ့ဖြိုးရေးနဲ့ ကလေးသူငယ် စောင့်ရှောက်ရေးတွေမှာ အကူအညီ ပေးခဲ့တာကြောင့် အခုလို ဆုံးဖြတ်လိုက်တာဟာ ပြည်သူတွေကို ထိခိုက်နစ်နာစေလိမ့်မယ်လို့ သူက ပြောပါတယ်။