ဂွမ်တာနာမို ကိစ္စ အိုဘားမား ပြောကြား

obama
Image caption အကျဉ်းသားတွေကို မသေစေလိုသူ အိုဘားမား

ဂွမ်တာနာမို ပင်လယ်အော် အကျဉ်းစခန်းမှာ အကျဉ်းသား တွေကို အတင်းအကျပ် အစာ ထည့်ကျွေး တာဟာ နိုင်ငံတကာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် က ပြောကြား လိုက်ပါတယ်။

လူတွေရဲ့ ဆန္ဒ မပါဘဲ အတင်းအကျပ် အစာထည့် တာဟာ ရက်စက်ပြီး လူ့သိက္ခာကို နှိမ်ချိုးတဲ့ လုပ်ရပ်လို့ ယူဆပြီး နိုင်ငံတကာ ဥပဒေတွေက တားမြစ် ထားကြောင်း လူ့အခွင့်အရေး ကော်မရှင် ပြောခွင့်ရ Rupert Colville က ဆိုပါတယ်။

ဂွမ်တာနာမို မှာ အစာငတ်ခံ ဆန္ဒပြ နေကြတဲ့ အကျဉ်းသား တရာလောက် ရှိပြီး အနည်းဆုံး ၂ဝ လောက်ကို နှာခေါင်းပိုက်နဲ့ အစာကျွေး နေတယ်လို့ စခန်း အာဏာပိုင် တွေက ဆိုပါတယ်။

အမေရိကန် သမ္မတ အိုဘားမား ကလဲ အကျဉ်းသား တွေကို မသေစေလိုတဲ့ အတွက် ပင်တာဂွန် က အကောင်းဆုံး ဖြစ်အောင် စီစဉ်နေတယ်လို့ တုံ့ပြန်ခဲ့ပြီး နိုင်ငံတကာမှာ အမေရိကန် သိက္ခာကျစေတဲ့ အကျဉ်း စခန်းကို ပိတ်သိမ်းဖို့ ထပ်မံ ကြိုးစား မယ်လို့လဲ ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ