ဆီးရီးယား ဓာတုလက်နက် ကန် စိစစ်မယ်

  • 1 မေ 2013
syria chemical
Image caption ဓာတုလက်နက်သင့်တယ် ယူဆခံရတဲ့ လူနာတွေရှိ

ဆီးရီးယား သူပုန်တွေနဲ့ အရပ်သားတွေ အပေါ် အစိုးရက ဓာတုလက်နက် သုံးနိုင်တယ် ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန် က အလျင်စလို တုံ့ပြန်မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောကြား ပါတယ်။

ဆီးရီးယားက ဓာတု လက်နက် တွေကို ဘယ်ပုံ ဘယ်နည်းနဲ့ ဘယ်ကာလက သုံးစွဲခဲ့တယ်ကို မသိရ သေးကြောင်း ဝါရှင်တန် မြို့တော်က သတင်းစာ ရှင်းလင်းပွဲ တခုမှာ အိုဘားမားက ပြောကြား ခဲ့တာပါ။

စစ်ရေး၊ တခြားနည်းတွေနဲ့ အရေးယူမှာ မဟုတ်ဘဲ သမ္မတ အာဆတ် ဘက်က ဓာတု လက်နက် သုံးသလား သက်သေရှာနိုင်ဖို့ အတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတွေ ရှာဖွေဖို့ ပင်တာဂွန် စစ်ဌာနချုပ်ကို တောင်းဆိုထားတယ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။

ဆီးရီးယား အစိုးရက ကိုယ့်ပြည်သူ အပေါ် ဘယ်တော့မှ ဓာတု လက်နက် သုံးမှာ မဟုတ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ ဆီးရီးယား သံအမတ် ဘရှား ဂျက်ဖာရီက သမ္မတ အာဆတ် ဘက်က ကာကွယ် ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ