ဘင်္ဂလားဒေ့ရှ် အလုပ်သမားတွေ မေဒေးနေ့ ဆန္ဒပြ

Image caption ပုံမှန် လုပ်ခ လစာတိုးမြှင့် ဖို့နဲ့ လုပ်ငန်းခွင် လုံခြုံရေး ကောင်းမွန်ဖို့ တို့ အတွက် တောင်းဆိုခဲ့ကြ

ပြီးခဲ့တဲ့ ရက်ပိုင်းက အဆောက် အအုံ ပြိုကျလို့ အထည်ချုပ် စက်ရုံ အလုပ် သမား အများအပြား သေဆုံး ဒဏ်ရာ ရခဲ့ကြတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အလုပ် သမား အများ အပြား မေဒေးနေ့မှာ ချီတက် ဆန္ဒပြ ခဲ့ကြ ပါတယ်။

အလုပ်သမား တွေရဲ့ မေဒေးနေ့လည်း ဖြစ်နေတော့ ဒါကာ မြို့တော်က လမ်းတွေ ပေါ်မှာ လူပေါင်း ၂၀၀၀၀ လောက် ချီတက် ဆန္ဒပြခဲ့ကြ ပါတယ်။ နောက်ပြီး မြို့ရဲ့ တချို့ နေရာတွေ အပြင် တခြား မြို့ကြီး တွေမှာလည်း ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြပါတယ်။

ဒါကားမြို့မှာ ဆန္ဒပြကြ သူတွေထဲက တချို့ ကတော့ ပြီးခဲ့တဲ့ သတင်းပတ်က အဆာက် အအုံ ပြိုကျလို့ အလုပ်သမား အများ အပြား အသက် ဆုံးရှုံး ခဲ့ရတဲ့ ကိစ္စ အတွက် အဲဒီ အဆောက် အအုံရဲ့ ပိုင်ရှင်တွေနဲ့ အဲဒီ အဆောက် အအုံ ထဲက စက်ရုံတွေရဲ့ ပိုင်ရှင် တွေကို ကြိုးမိန့် ပေးဖို့ အထိ တောင်းဆို ထားတဲ့ စာတန်း တွေကို ကိုင်ဆောင်ပြီးကို ချီတက် ခဲ့ကြပါတယ်။

ဆန္ဒပြ ကြသူ တွေက အဲဒီ လို အရေးယူဖို့ တောင်းဆိုရုံ သာမကဘဲ အလုပ်သမား တွေ အတွက် လုပ်ငန်းခွင် အတွင်းက အခြေ အနေတွေ အဘက် ဘက်က တိုးတက် ဖို့ အတွက်ကို တောင်းဆို ခဲ့ကြပါတယ်။ ပုံမှန် လုပ်ခ လစာတိုးမြှင့် ဖို့တွေနဲ့ လုပ်ငန်းခွင် လုံခြုံရေး အတွက်ကို တောင်းဆိုခဲ့ကြ ပါတယ်။

အဲဒီ အထည်ချုပ် စက်ရုံ ၅ ခု ရှိတဲ့ ရာန ပလာဇာ အဆောက်အအုံ ပြိုကျခဲ့လို့ ပါသွား ခဲ့ရတဲ့ သေဆုံးသူ ဦးရေကလည်း အခုဆို ၄၀၀ အထက်ကို ရောက်သွား ခဲ့ပြီ ဖြစ်ပါတယ်။ စစ်တပ်ဘက်က အရာရှိတဦးကတော့ နောက်ထပ် ပျောက်ဆုံး နေသူပေါင်း ၁၄၉ ယောက် ရှိနေ သေးတယ်လို့ ဆိုပါတယ်။

အဆာက် အအုံ မပြိုကျခင် တရက် အလိုမှာ အက်ကြောင်း တွေပေါ်လာ ခဲ့ပေမယ့် အလုပ် သမားတွေကို အလုပ် ဆင်းခိုင်း ခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒါ ကြောင့် လည်း အခုတော့ အဲဒီ ကိစ္စနဲ့ ပတ်သက် နေတဲ့ ပိုင်ရှင်တွေ အင်ဂျင်နီယာ တွေအပါ အဝင် လူ ၈ ယောက်ကို ဖမ်းဆီး ထားပြီး ဖြစ်ပါတယ်။

တချိန်ထဲ မှာဘဲ ဥရောပ သမဂ္ဂ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တွင်းက စက်ရုံ အလုပ်ရုံ တွေရဲ့ အခြေ အနေတွေ တိုးတက် ကောင်းမွန် လာဖို့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက် မှုတွေ လုပ်သွား ဖို့ကို စဉ်းစား နေတယ်လို့ ပြောလိုက် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ