အီရန်၂ ဦးကို ကင်ညာတရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်

  • 3 မေ 2013
_kenya_iranians
Image caption အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရတဲ့ အီရန်လူမျိုး၂ ဦး

ကင်ညာနိုင်ငံမှာ တရားရုံးက အီရန်လူမျိုး ၂ ဦးကို ကင်ညာ နိုင်ငံ အတွင်းမှာ အစ္စရေး၊ အမေရိကန်၊ ဗြိတိန် တို့နဲ့ ပတ်သက်တာတွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည် ကြိုးစားမှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ် လိုက်ပါတယ်။

အဲဒီ လူ ၂ ဦးကတော့ အာမက် အဗိုလ်ဖာတီ မိုဟာမက် နဲ့ ဆာယိဒ် မန်ဆူး မူဆာဗီ တို့ ဖြစ်ကြပြီး သူတို့ကို ပြင်းအားကြီးတဲ့ ဖောက်ခွဲရေးပစ္စည်း ၁၅ ကီလို လက်ဝယ် ပိုင်ဆိုင် ထားမှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ် လိုက်တာ ပဲ ဖြစ်ပါတယ်။

ဒီလူတွေဟာ အီရန် နိုင်ငံရဲ့ အဆင့်မြင့် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ဖြစ်ကြပြီး သူတို့တွေကတော့ အခုတင်ထားတဲ့ စွဲချက်တွေကို ငြင်းဆန် ထားခဲ့ကြပါတယ်။

သူတို့တွေကို လာမယ့် တနင်္လာနေ့မှာစီရင်ချက် ချမှတ် သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ