ဆိုမာလီယာမှာ ငတ်မွတ်မှုကြောင့် လူ ၂ သိန်းခွဲကျော် သေဆုံးခဲ့

  • 3 မေ 2013
somalia
Image caption ဆိုမာလီယာမှာ ငတ်မွတ်မှုကြောင့် အသေအပျောက်များ

ဆိုမာလီယာ နိုင်ငံမှာ ကြုံတွေ့ နေရတဲ့ ငတ်မွတ်မှု တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ တုံ့ပြန် မှုတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

အဲဒီ ငတ်မွတ်မှုကြောင့် လူပေါင်း ၂ သိန်းခွဲ ကျော်လောက် အသက်ဆုံးရှုံး ခဲ့ရတယ်လို့ စစ်တမ်း ကောက်ယူမှု အသစ်တွေမှာ ဖော်ပြထားပါတယ်။

အဲဒီ သေဆုံးသူ ပမာဏဟာ အရင်က မှန်းထားခဲ့တာထက်လည်း အဆများစွာ မြင့်မား နေပါတယ်။ အဲဒီ သေဆုံးသူတွေထဲက ထက်ဝက်ကတော့ အသက် ၅ နှစ်အောက် ကလေး ငယ်တွေ ဖြစ်ကြပါတယ်။

အဲဒီ ငတ်မွတ် ခေါင်းပါးမှု ဖြစ်နေတာကို တရားဝင် လူသိရှင်ကြား မကြေညာခင် အစောပိုင်းမှာ ကတည်းက တစုံတရာသော နည်းလမ်း တွေနဲ့ ကာကွယ်ဖို့ ကြိုးစား ခဲ့ကြမယ် ဆိုရင် အဲဒီ လောက်တောင် အသေအပျောက် များမှာ မဟုတ်ဘူးလို့ ဆိုမာလီယာ မှာရှိတဲ့ ကုလသမဂ္ဂ ရဲ့စားနပ် ရိက္ခာနဲ့ စိုက်ပျိုးရေး ဆိုင်ရာ ဌာနရဲ့ ဒုတိယ အကြီးအကဲ ရူဒီ ဗဲန် အာကဲန်က ပြောလိုက် ပါတယ်။

ဗြိတိသျှ အစိုးရ ကတော့ အဲဒီမှာ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ် နဲ့ ၂၀၁၂ ခုနှစ် တွေအတွင်း စားနပ်ရိက္ခာ ရှားပါးမှု တွေကြောင့် သေဆုံး ခဲ့ရသူ ၅ သောင်းနဲ့ ၁ သိန်း ကြားမှာ ရှိမယ်လို့ ခန့်မှန်း ထားခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ