အသားလိမ်ရောင်းသူ ၉၀၀ ကျော်ကို တရုတ်မှာဖမ်းဆီး

Image caption အတု လုပ်ထားတဲ့ အသား တန်ချိန် ၂ သောင်း ကျော် ကိုလည်း ရဲက သိမ်းဆည်းမိ

တရုတ် နိုင်ငံမှာ အသား တွေကို လိမ်ရောင်းတဲ့ လူတွေနဲ့ မကောင်းတော့တဲ့ အသားတွေကို ရောင်းချနေသူ အယောက် ၉၀၀ ကျော်ကို ပြီခဲ့တဲ့ သုံးလ ကျော် အတွင်း ဖမ်းဆီး လိုက်တယ်လို့ နိုင်ငံပိုင် သတင်း ဌာနက ပြောကြား ပါတယ်။

အဲဒီလို အတု လုပ်ထားတဲ့ အသား တန်ချိန် ၂ သောင်း ကျော် ကိုလည်း ရဲက သိမ်းဆည်းမိ လိုက်ပါတယ်။

မြေခွေးတွေ ကြွက်တွေနဲ့ မြွေပါ အသားတွေကို ဓာတု ပစ္စည်းတွေ ထည့်ကာ သိုးသား ဆိုပြီး လိမ်ရောင်းတဲ့ လူတွေလည်း ပါတယ်လို့ ဆိုပါတယ်။

တရုတ် နိုင်ငံမှာ အစား အသောက် အန္တရာယ် ကင်းရေးနဲ့ ပတ်သက်ပြီး အထူး အလေးထား ဆောင်ရွက် နေတာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်က ဆိုရင် တရုတ်နိုင်ငံမှာ အဆိပ် အတောက် ဖြစ်တဲ့ နို့မှုန့် တွေကို သိန်းနဲ့ချီနဲ့ ကလေးငယ်တွေ သောက်မိရာ ကနေ နေထိုင် မကောင်းဖြစ်ခဲ့ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ