ပါကစ္စတန် အထူးရှေ့နေ တဦး အသတ်ခံရ

Image caption မော်တော် ဆိုင်ကယ် တစီးပေါ် ကနေ သေနတ် သမားတွေက သူ မောင်းလာတဲ့ ကားကို လှမ်း ပစ်ခဲ့

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံ ခံရမှုကို စုံစမ်း စစ်ဆေး မှုတွေ လုပ်နေတဲ့ တရားလို အထူး ရှေ့နေ တဦး အစ္စလာမ် မာဘတ် မြို့မှာ သေနတ် သမားတွေရဲ့ လက်ချက်နဲ့ သေဆုံး သွားခဲ့ ပါတယ်။

ချောင်ဒရီ ဇူဖီကာ ဆိုသူ ရှေ့နေဟာ တရားရုံးကို ကားမောင်း သွားနေစဉ် မော်တော် ဆိုင်ကယ် တစီးပေါ် ကနေ သေနတ် သမားတွေက သူ့ကို လှမ်း ပစ် သွားတာ ဖြစ်ပြီး ဆေးရုံ ရောက်တော့မှ သေဆုံး သွားတာ ဖြစ်ပါတယ်။

သူဟာ ၂၀၀၈ ခုနှစ်က လူပေါင်း ၁၆၆ ဦး သေဆုံး သွားခဲ့ ရတဲ့ အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့ တိုက်ခိုက် ခံရမှုနဲ့ ပတ်သက်ပြီး လည်း လိုက်ပါ ဆောင်ရွက်နေတဲ့ အဓိက ရှေ့နေ တဦး ဖြစ်ပါတယ်။

အခု သီတင်းပတ် အစောပိုင်း တုန်းကတော့ သူ့ကို သတ်ဖြတ်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိခဲ့ တယ်လို မစ္စတာ ဇူဖီကာက ဘီဘီစီကို ပြောခဲ့ဖူး ပါတယ်။

အဲဒါကြောင့်မို့ သူ့အတွက် သက်တော်စောင့် တဦး ပေးဖို့ အာဏာပိုင် တွေထံ သူက တောင်းခံ ခဲ့ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ