ဒါကာ အစ္စလာမ် ဆန္ဒပြပွဲကြီး ဖြိုခွဲခံရ

Bangladesh
Image caption အစ္စလာမ် စော်ကားသူကို သေဒဏ်ပေးဖို့ တောင်းဆို

ဒါကာ မြို့တော်က အစ္စလာမ် ဘာသာဝင်တွေရဲ့ ဆန္ဒပြပွဲကြီးကို ရောင်ခြည်ဖြာ ဒိုင်းနမိုက်နဲ့ ရာဘာ ကျည်ဆန်တွေ သုံးပြီး ဘင်္ဂလားဒေ့ရှ် ရဲက ဖြိုခွဲ ခဲ့ပါတယ်။

ဒါကာ မြို့လယ်က စီးပွားရေး ရပ်ကွက်ကို ရဲနဲ့ လုံခြုံရေး အဖွဲ့တွေ ထိန်းချုပ် လိုက်ပြီ ဖြစ် ပါတယ်။

အဆောက်အအုံတွေ ကြားမှာ ပုန်းကွယ်နေတဲ့ ဆန္ဒပြသူတွေကို ရဲက ရှာဖွေနေတာမို့ သေနတ်သံနဲ့ ပေါက်ကွဲသံတွေ ကြားနေရ ဆဲ ဖြစ်ပါတယ်။

ရဲနဲ့ ဆန္ဒပြသူတွေ အကြား သွေးထွက်သံယို အချင်းများမှု တွေကြောင့် အနည်းဆုံး လူ ၇ ယောက် သေဆုံးခဲ့ပြီး ဆန္ဒပြသူတွေက ကျောက်တုံးတွေနဲ့ ပစ်ပေါက် ခဲ့ကြပါတယ်။

တင်းကျပ်တဲ့ အစ္စလာမ် စံနှုန်းတွေ ထားရှိရေး တောင်းဆိုကြတဲ့ ထောင်သောင်းချီတဲ့ ပြည်သူတွေ ချီတက် ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ဘာသာရေး စွက်ဖက်မှု ကင်းတဲ့ နိုင်ငံ ဖြစ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရက ဒီတောင်းဆိုချက်တွေကို ပယ်ချ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ