မလေးရှား ရွေးကောက်ပွဲ အာဏာရတွေနိုင်

Najib Razak
Image caption လက်ရှိ ဝန်ကြီးချုပ် နာဂျစ် ရာဇက် ပါတီ အနိုင်ရ

မနေ့က ကျင်းပခဲ့တဲ့ မလေးရှား အထွေထွေ ရွေးကောက်ပွဲမှာ အာဏာရ အမျိုးသား တပ်ဦးပဲ အနိုင်ရခဲ့ပါတယ်။

အမျိုးသား တပ်ဦး မလေးရှားမှာ အာဏာရခဲ့တာ နှစ်ပေါင်း ၅ဝ ကျော် ရှိနေပြီ ဖြစ်ပြီး လက်ရှိ ဝန်ကြီးချုပ်ရဲ့ ဖခင်နဲ့ ဦးကြီး ကိုယ်တိုင် ဝန်ကြီးချုပ် ဟောင်းတွေ ဖြစ်ကြ ပါတယ်။

ပါလီမန် မဲဆန္ဒနယ် ၂၂၂ ခု ရဲ့ တဝက်ကျော်ကို အမျိုးသား တပ်ဦးက ရရှိနေပြီး အတိုက်အခံ ခေါင်းဆောင် အန်နဝါ အီဘရာဟင် ကတော့ ဒီရလဒ်ကို လက်မခံဘူးလို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရှုပ်ထွေးမှု အဆင့်ဆင့်ကြောင့် မဲလိမ်မှုတွေ ရှိခဲ့ကြောင်း မစ္စတာ အီဘရာဟင်က စွပ်စွဲပါတယ်။

အပြောင်းအလဲ အင်မတန် လိုလားတဲ့ မလေးရှား လူငယ်တွေကို ဦးတည် စည်းရုံးခဲ့တဲ့ အတိုက်အခံတွေ အတွက် ဒီအရှုံး ရလဒ်က အရှိုက်ထိုး မိသလို ဖြစ်သွားကြောင်း ကွာလာလမ်ပူက ဘီဘီစီ သတင်းထောက်က ပြောကြား ပါတယ်။

မဲပေးသူ ရာခိုင်နှုန်း ၈ဝ ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ