ဆီးရီးယားသူပုန် ဓါတုလက်နက်တွေ သုံးတယ် ဆိုတာကို အမေရိကန်လက်မခံ

  • 7 မေ 2013
Image caption အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney

ဆီးရီးယားမှာ အတိုက်အခံ လက်နက်ကိုင် သူပုန်တွေက ဓါတုလက်နက်တွေ သုံးခဲ့တယ် ဆိုတဲ့ ပြောဆိုချက်ဟာ သူတို့ ထင်မြင်တာနဲ့ ကွဲလွဲနေတယ်လို့ အမေရိကန် အစိုးရက ငြင်းခုန် ပြောကြားလိုက်ပါတယ်။

ဆီးရီးယား အတိုက်အခံတွေက ဓါတု လက်နက် သုံးခဲ့တယ် ဒါမှမဟုတ် သုံးကောင်း သုံးနိုင်တယ်လို့ ပြောဆိုချက်ကို လုံးဝ အယုံအကြည် မရှိဘူး ၊ ဒီလို လက်နက်မျိုးကို အာဆက် တပ်ဖွဲ့တွေကသာ သုံးနိုင်ချေ ပိုရှိတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေးကာနီက ဆိုပါတယ်။

ဆီးရီးယား တိုက်ခိုက်ရေးသမား သူပုန်တွေဟာ ဆာရင် အဆိပ်ငွေ့ သုံးစွဲမှု ရှိတယ်လို့ အကြီးအကျယ် သံသယ ဖြစ်မိတယ်ကြောင်း အစောပိုင်းတုန်းက ဆီးရီးယား အရေး ဆိုင်ရာ ကုလသမဂ္ဂ ရဲ့ နိုင်ငံတကာ ကော်မရှင် အဖွဲ့ဝင် တယောက်ဖြစ်တဲ့ Carla del Ponte က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ကော်မရှင် အဖွဲ့တခုလုံးကတော့ ဒီကိစ္စမှာ ခိုင်လုံတဲ့ အထောက်အထား မတွေ့ရဘူးလို့ ဆိုပါတယ်။