နှစ်ပေါင်းသန်း ၇ဝ လောက်က ဒိုင်နိုဆောကျောရိုး US က မွန်ဂိုလီးယားကို ပြန်ပေး

Image caption အလားသဏ္ဍာန် တူတဲ့ Tyrannosaurus Rex

အမေရိကန် ပြည်ထောင်စုကို ခိုးသွင်းလာတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၇ဝ လောက်တုန်းက ဒိုင်နိုဆော ကျောရိုးကို မွန်ဂိုလီးယားကို ပြန်ပေးခဲ့ပါတယ်။

Gobi ဂိုဘီ သဲကန္တာရထဲမှာ တွေ့ရှိခဲ့တဲ့ Tyrannosaurus Rex ထရန်နိုဆောရပ်စ် ရက်စ် နဲ့ သဏ္ဍာန်တူတဲ့ ဒိုင်နိုဆောရဲ့ ကျောရိုး အပိုင်းအစတွေကို အမေရိကန် နိုင်ငံဆီ သွင်းလာခဲ့တာ ဖြစ်ပါတယ်။

ရှေးဟောင်း ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် တယောက်က ဒီအရိုးတွေကို စုဆောင်းရယူပြီး လေလံပွဲ တခုမှာ ဒေါ်လာ တသန်းကျော်နဲ့ ရောင်းခဲ့တာ ဖြစ်ပါတယ်။

သူတို့နိုင်ငံကို ရောက်လာတဲ့ ဒီ ဒိုင်နိုဆော အရိုး အပိုင်းအစတွေဟာ စသွင်းလာကတည်းက အကြီးအကျယ် မှားနေတာ ဖြစ်ပြီး အခုလို မူလ နေရာကို ပြန်ပို့လိုက်တာ အကောင်းဆုံးဘဲလို့ ထိပ်တန်း အကောက်ခွန် အရာရှိ တယောက်က ပြောပါတယ်။