အမေရိကန်မှာ ၁၀ နှစ်နီးပါး ပျောက်ဆုံးနေတဲ့ အမျိုးသမီး ၃ ဦးကိုပြန်တွေ့

Image caption သူတို့ အားလုံးကို အိမ် တအိမ် ထဲမှာ ပြန်တွေ့ ခဲ့ရတာ ဖြစ်ပြီး၊ ပိတ်လှောင် ထားပုံ ရတယ်လို့ ရဲက ပြောပါတယ်

အမေရိကန် ပြည်ထောင်စု Ohio ပြည်နယ်မှာ လွန်ခဲ့တဲ့ ၁၀ နှစ် နီးပါးက သီးခြားစီ ပျောက်ဆုံး သွား ခဲ့တဲ့ အမျိုး သမီး ၃ ဦးကို Cleveland မြို့မှာ အသက်ရှင် လျက် ပြန်တွေ့ ရှိခဲ့ ပါတယ်။

Amanda Berry ဆိုသူ အမျိုး သမီးဟာ ၂၀ဝ၃ ခုနှစ်တုန်းက အသက် ၁၆ နှစ် အရွယ် မှာ ပျောက်ဆုံး သွားတာ ဖြစ်ပြီး၊ နောက်ပိုင်းမှာ အသက် ၁၄ နှစ် အရွယ် Gina DeJesus နဲ့ ၂၀ဝ၂ ခုနှစ်မှာ ၁၉ နှစ် အရွယ် Michelle Knight တို့ ပျောက်ဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

သူတို့ အားလုံးကို အိမ် တအိမ် ထဲမှာ ပြန်တွေ့ ခဲ့ရတာ ဖြစ်ပြီး၊ သူတို့ကို ပိတ်လှောင် ထားပုံ ရတယ်လို့ ရဲက ပြောပါတယ်။ ၆ နှစ် အရွယ် ကလေးငယ် တဦး ကိုလည်း အဲဒီ အိမ်မှာ တွေ့ခဲ့ရ တယ်လို့ ဆိုပါတယ်။

အခုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ အသက် ၅၀ ဝန်းကျင် ညီအကို သုံးဦးကို ဖမ်းဆီး ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ