မြန်မာသံရုံးဗုံးခွဲဖို့ အပါအဝင် ကြံစည်မှု အများအပြားနဲ့ ပတ်သက်လို့ အင်ဒိုရဲတွေဝင်စီးနင်း

  • 9 မေ 2013

အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဗုံးခွဲဖို့ အပါအဝင် တိုက်ခိုက်ဖို့ ကြံစည်မှု အများအပြားနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ သံသယရှိသူ စစ်သွေးကြွတွေကို ဝင်းရောက်စီးနင်းခဲ့ရာမှာ ၇ ဦး သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားရဲတွေက ပြောပါတယ်။

အင်ဒိုနီးရှားက အကြမ်းဖက်မှု တိုက်ဖျက်ရေး အကြီးဆုံး စစ်ဆင်ရေးတခုအတွင်း ဂျာဗားကျွန်းမှာ ရှိတဲ့ မြို့ ၁၆ မြို့က သံသယရှိတဲ့အိမ်တွေကို အထူးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ရာမှာ လူ ၁၃ ဦးကိုလည်း အရှင်ဖမ်းဆီးမိခဲ့ပြီး လက်လုပ် ဗုံးတွေ လက်ပစ်ဗုံးတွေကို သိမ်းဆည်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ဒီလူတွေဟာ အင်ဒိုနီးရှားက မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစည်မှုနဲ့ ဆက်စပ်မှုရှိမရှိ စုံစမ်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

နောက်ပြီး ရဲတွေဟာ အကြမ်းဖက်အဖွဲ့တွေကို ရံပုံငွေ ထောက်ပံ့နေတဲ့ လူ၊အဖွဲ့အစည်းတွေကို အဓိကထား စုံစမ်းနေတယ်လို့ ဆိုပါတယ်။

သံသယရှိသူတွေဟာ ဘဏ်နဲ့ ရတနာဆိုင်တွေကို လုယက်မှုတွေနဲ့တဲ့ ပတ်သက်နေတဲ့ ကွန်ရက်တခုနဲ့ ဆက်နွယ်နေပြီး အဲဒီကွန်ရက်ဟာ MIT Mujahidin Indonesia Timur စစ်သွေးကြွအဖွဲ့ကို ရံပုံငွေ ထောက်ပံနေတာလို့ ရဲ တပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။