ပြိုကျ စက်ရုံအောက် ပိတ်မိနေသူကို ကယ်တင်နိုင်

Bangladesh Survivor
Image caption အဆောက်အဦ အပျက်ပုံ အောက်မှာ အသက် မသေဘဲ ရှိနေ ခဲ့သူ ကို ကယ်ထုတ်လာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၇ ရက်က ပြိုကျ ခဲ့တဲ့ အဆောက် အဦ အောက်မှာ အသက် မသေဘဲ ပိတ်မိ နေသူ တစ်ယောက်ကို ကယ်ဆယ်ရေး လုပ်သား တွေက ကယ်တင် နိုင်ခဲ့ ပါတယ်။

အပျက် အစီးပုံ အောက်မှာ သူ ရှိနေတဲ့ အကြောင်း အော်ပြောနေတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အသံကို သူတို့ ကြားခဲ့ရတယ်လို့ ကယ်ဆယ်ရေး လုပ်သား တွေက ပြောပါတယ်။

အရင် ရက်တွေ ကတည်းက ရှိသမျှ ခွန်အားနဲ့ သူ့ကို ကယ်ဖို့ အော်ဟစ် အကူအညီ တောင်းခံ ခဲ့ပေမဲ့ သူ့ အော်ခေါ်သံကို ဘယ်သူမှ မကြားခဲ့ ကြဘဲ အခုမှ ကယ်တင် နိုင်ကြ တာလို့ သူက ပြောပါတယ်။

ကံကောင်း ထောက်မပြီး အသက် မသေ ခဲ့သူ ရက်ရှ်မာ Reshma ဆိုတဲ့ အမျိုးသမီးကို အခုတော့ ဆေးရုံကို ခေါ်သွားပြီး ကုသမှု ပေးနေ ပါတယ်။

ဒက္ကား မြို့တော် အပြင်မှာ ရှိတဲ့ အထည်ချုပ် စက်ရုံ ရှိရာ ရှစ်ထပ်တိုက် အဆောက်အဦ ပြိုကျခဲ့ရာမှာ လူပေါင်း တစ်ထောင်ကျော် သေဆုံး ခဲ့ကြရ ပါတယ်။

အသက်မသေတဲ့ အမျိုး သမီး ရက်ရှ်မာဟာ သေဆုံး သွားခဲ့တဲ့ အလုပ် သမား တွေရဲ့ ထမင်းဗူးထဲက အစာတွေနဲ့ ရေပိုက်က ရတဲ့ ရေ တို့ကို စားသောက်ပြီး အသက်ရှင်နေတာ ဖြစ်တယ်လို့ ကယ်ဆယ်ရေး လုပ်သား တစ်ယောက်က ပြောပါတယ်။

အခုလို အသက် ရှင်တဲ့သူ တွေ့ရတဲ့ အတွက် နောက်ထပ် အသက်မသေပဲ ကျန်နေသေးသူတွေကို တွေ့နိုင် သေးတယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ကယ်ဆယ်ရေး သမား တွေမှာ ရှိလာတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ