ဂွာတီမာလာ စစ်အာရှင်ကို လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ထောင်နှစ်ရှစ်ဆယ်ချ

Image caption စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး အီဖရိန်

ဂွာတီမာလာ နိုင်ငံမှာ ၁၉၈၂ ခုနှစ် နဲ့ ၈၃ ခုနှစ်တုန်းက အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် သမ္မတ Efrain Rios Montt ဟာ သူအုပ်ချုပ်ခဲ့ချိန် အတွင်း Ixil Maya လူမျိုးစု ၁၈ဝဝ နီးပါးကို သတ်ဖို့ အမိန့်ပေးခဲ့မှုနဲ့ အပြစ်ရှိကြောင်း စီရင်ချက် ချခဲ့ပါတယ်။

အသက် ၈၆ နှစ် ရှိပြီ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Rios Montt ရီယိုးစ် မွန့်ထ်ဟာ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ အပြစ်ရှိတယ်လို့ တရားရုံးက စီရင်ခဲ့ပြီး သူ့ကို ထောင် အနှစ်ရှစ်ဆယ် ချခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ Mauricio Rodriguez Sanchez ကိုတော့ တရားသေ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

လက်ဝဲယိမ်း ပျောက်ကျားတွေကို အကူအညီ ပေးတယ်လို့ သံသယ ရှိသူတွေကို အဲဒီ အချိန်တုန်းက စစ်တပ်က ဆိုးဆိုးရွားရွား နှိပ်စက် ညှင်းပမ်းခဲ့တယ်လို့ အသက်မသေဘဲ ကျန်ခဲ့သူတွေက ပြန်ပြောပြခဲ့ပါတယ်။