ရိုဝမ်ဒါမှာ ကျောင်းသား ၄ဝ ရာခိုင်နှုန်းကျော် အဓမ္မ ပြုကျင့်ခံနေရ

  • 10 မေ 2013
Image caption ရိုဝမ်ဒါ နိုင်ငံပြ မြေပုံ

ရိုဝမ်ဒါ နိုင်ငံမှာ ကျောင်းသား ၄ဝ ရာခိုင်နှုန်းကျော်ဟာ လိင်ပိုင်းဆိုင်ရာ အပါအဝင် အဓမ္မ ပြုကျင့်ခံနေရတယ် ဆိုတဲ့ အစီရင်ခံစာ တခု ထွက်ပေါ်လာခဲ့ ပြီးတဲ့နောက် ကျောင်းတွေမှာ မဒိန်းကျင့်ခံရတဲ့ ပြဿနာကို ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ အာဏာပိုင်တွေက သံန္နိဌာန် ချခဲ့ ကြပါတယ်။

အပြစ်ကျူးလွန်တဲ့ အဆိုးရွားဆုံး လူတွေထဲမှာ ဆရာတွေလည်း ပါဝင်တယ်လို့ ပညာရေး ဝန်ကြီး Vincent Biruta က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက အစိုးရ က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကျောင်းသူ ကျောင်းသား နှစ်ထောင် ကျော်ကို စစ်တမ်း ကောက်ယူတဲ့ အခါ မနှစ်တုန်းက ကျောင်းသူ ထောင့် ခြောက်ရာလောက် အဓမ္မ ပြုကျင့်ခံရလို့ ကျောင်းသင်ခန်းကို ကျောခိုင်းကြရပြီး အဲဒီအထဲက အယောက် ငါးရာက ကိုယ်ဝန် ရသွားခဲ့တာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

sugar daddies လို့ခေါ်တဲ့ အသက် အရွယ်ကြီး အမျိုးသားကြီးတွေက ငွေကြေးထောက်ပံ့ အမြှောင်မယား ထားတဲ့ အတွက် အခုလို မိန်းမငယ်လေးတွေ ကိုယ်ဝန်ရမှု များလာရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။