YouTube က လစဉ်ကြေး ပေးပြီး ကြည့်ရတဲ့ အစီအစဉ် ထုတ်လွှင့်

Image caption လူကြည့်အများဆုံး You Tube စာမျက်နှာ

ဗွီဒီယို တွေကို အခမဲ့ ဝင်ကြည့်နိုင်တဲ့ ကမ္ဘာပေါ်မှာ လူကြည့်အများဆုံး YouTube ဝက်ဘ်ဆိုက်က လစဉ်ကြေး ပေးပြီး ကြည့်ရတဲ့ အစီအစဉ် တခုကို ပထမဆုံး အနေနဲ့ ထုတ်လွှင့် ခဲ့ပါတယ်။

အဲဒီမှာ ဘယ်နေရာဘဲ ကြည့်ကြည့် တလကို ၉၉ ဆင့်ကနေ ရှစ် ဒေါ်လာ အထိ ပေးရတဲ့ ချာနယ် သုံးဆယ် ပါမယ်လို့ ကမ္ဘာပေါ်မှာ လူအများဆုံး ဝင်ကြည့်တဲ့ YouTube ဝက်ဘ်ဆိုက် တာဝန် ရှိသူတွေက ပြောပါတယ်။

အားကစား အစီအစဉ်တွေနဲ့ ကလေး အစီအစဉ် တခု ဖြစ်တဲ့ Sesame Street တို့ကိုလည်း အဲဒီမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

သုံးသပ် ဝေဖန်သူတွေကတော့ စစချင်း တလကို တဒေါ်လာအောက်သာ ပေးရတယ် ဆိုရင်တောင်မှာ ဒီချာနယ် အသစ်တွေကို လူအတော်များများက ပိုက်ဆံပေးကြည့်ဖို့ သိတ်မသေချာဘူးလို့ ဆိုနေကြပါတယ်။