ငတ်မွတ်မှု တိုက်ဖျက်ရေး စားလို့ရတဲ့ အင်းဆက်ပိုးကောင်တွေ အရေးပါ

Image caption အသင့် စားနိုင်ပြီ ဖြစ်တဲ့ အင်းဆက်သုတ် တပွဲ

ကမ္ဘာပေါ်မှာ အစာရေစာ ငတ်မွတ်မှု တိုက်ဖျက်ရေး အတွက် စားလို့ရတဲ့ အင်းဆက် ပိုးကောင်တွေ ဟာ အရေးပါတဲ့ ကဏ္ဍမှာ ရှိလာလိမ့်မယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ တခုက ဖော်ပြ လိုက်ပါတယ်။

ပရွက်ဆိတ်၊ ဓားခုတ်ကောင်နဲ့ ပိုးတောင်မာ လို စတဲ့ အင်းဆက်ပိုးကောင် တွေကို လူပေါင်း သန်း ၂ ထောင် လောက်ရဲ့ အစားအစာအဖြစ် ဖြည့်စွက် ပေးထားခဲ့ပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂ အစားအစာနဲ့ စိုက်ပျိုးမွေးမြူရေး အဖွဲ့က ပြောပါတယ်။

အင်းဆက်ပိုးတွေကို စီးပွားဖြစ် မွေးမြူမယ်ဆိုရင် အနာဂတ် ကမ္ဘာ စားနပ်ရိက္ခာ ဖူလုံရေး အတွက် စိတ်ချရဖို့ကို အကူအညီ ပေးနိုင်လိမ့်မယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

အင်းဆက်ပိုးတွေဟာ အလျင်အမြန် မျိုးပွားကြပြီး လူတွေအတွက်လည်း အာဟာရဖြစ်စေပါတယ်။

နောက်ပြီး အင်းဆက်တွေကို ငါးတွေနဲ့ မွေးမြူရေး လုပ်ငန်းတွေမှာ အစာအဖြစ်လည်း အသုံးပြုလို့ရပါတယ်။

ဒါပေမယ့်လည်း အနောက်နိုင်ငံတွေမှာတော့ အင်းဆက်ကို စားဖို့ မနှစ်မြို့ကြတဲ့ အတွက် အင်းဆက်ပိုး စားသုံးရေး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာဖို့ဆိုတာ ကတော့ အတားအဆီးဖြစ်နေဆဲလို့ အစီရင်ခံစာမှာ ဖေါ်ပြ ထားပါတယ်။